30• My heart shutters into pieces

6.5K 907 97
                                    


That Omega is so cute and I can’t help Part 30

Nicholasဆေးရုံမှာ ဆေးစစ်ချက်အဖြေ သွားယူပြီး အဖြေကိုကြည့်လိုက်တော့ သူထင်တဲ့အတိုင်းပဲ Nixon လေးက သူ့ရဲ့သားဖြစ်နေတယ်။

သူထင်တာ မှန်နေပြီမို့ ဘာမှတွေဝေမနေတော့ပဲ Nixon ကို ထားတဲ့ လူနာအခန်းကို သူသွားလိုက်တော့ ဆေးရုံက သန့်ရှင်းရေးဝန်ထမ်းနှစ်ယောက်က အခန်းကို ရှင်းလင်းနေတာ မြင်လိုက်ရတယ်။

"ဒီအခန်းက လူနာကလေးလေး ဘယ်ရောက်သွားတာလဲ''

"ဪ အဲ့ဒီကလေးလေးက ဒီမနက်ပဲ ဆေးရုံကဆင်းသွားပါပြီရှင့်''

အခန်းကို ရှင်းလင်းရေးလုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်က Nicholas ကို ရိုကျိုးစွာ ပြန်ပြောပေမယ့် Nicholas ကတော့ ဒေါသထောင်းကနဲ ဖြစ်သွားရတယ်။

Sam ကတော့ သူ့ကိုရန်လာစနေသလိုပဲ။ သူနေ့ DNA result ကိုလာယူမယ်မှန်းသိလို့ တမင်သက်သက် ထွက်ပြေးသွားတာပေါ့။

Nicholas ခပ်မြန်မြန်ပဲ ဆေးရုံကနေထွက်လာပြီး Sam အိမ်ကို ဦးတည်လိုက်တယ်။

ဒီမနက်ပဲ ဆေးရုံဆင်းသွားတာဆိုရင် Sam က သူ့အိမ်မှာ ရှိနေမှာပဲ။

ကလေးရဲ့ ကျန်းမာရေးအခြေအနေက ဆေးရုံက ဆင်းလာပေမယ့် တခြားတစ်နေရာမှာ လမ်းသလားနေလောက်ဖို့အထိတော့ စိတ်ချရတာ မဟုတ်သေးဘူး။

အဲ့တာကြောင့် Sam က အိမ်ကိုပြန်သွားတာပဲ ဖြစ်နိုင်မယ်။

Sam အိမ်နားမှာ ကားရပ်ခဲ့ပြီး Sam တိုက်ခန်းရှိတဲ့နေရာကို သူလျှောက်လာခဲ့တယ်။

သူဒီအိမ်ကို မရောက်တာ လေးနှစ်ကျော်လောက်တော့ ရှိပြီပေါ့။

နောက်ဆုံးတစ်ခေါက် သူအိမ်ကိုလာတုန်းက Samရဲ့မေမေက နေမကောင်းဖြစ်လို့ ဆေးရုံတင်ထားရကာ Samနဲ့ အတူ သူ့အမေကို ဆေးရုံလိုက်ပို့ပေးပြီးအပြန် နောက်ကျနေတာမို့ Sam ရဲ့အိမ်မှာ သူအိပ်ဖို့ဖြစ်ခဲ့တယ်။

မှတ်မှတ်ရရ အဲ့ဒီတုန်းက Sam သူ့ကို နောက်ဆုံးအကြိမ် ခေါက်ဆွဲပြုတ်ကျွေးခဲ့တာပဲ။

ညအိပ်ခါနီးဆို ဗိုက်ဆာတတ်တဲ့ သူ့ကို အတူတူရှိဖြစ်တဲ့ ညတွေတိုင်းမှာ သူ ခေါက်ဆွဲပြုတ်စားချင်တယ်လို့ တမ်းတတတ်တိုင်းသူ့ကို Samက ခေါက်ဆွဲပြုတ်ကျွေးခဲ့တာ မငြီးမငြူပဲလေ။

That Omega is so cute and I can't help! [Completed]Where stories live. Discover now