Ep 50• My Alpha knows how to make me melted

7.1K 868 24
                                    


That Omega is so cute and I can’t help Part 50

Alex သူနေတဲ့မြို့ကို ပြန်သွားတော့ Raymusတစ်ယောက် အလွမ်းတွေနဲ့ကျန်ခဲ့ရတယ်။

အရင်တုန်းကလည်း တစ်ယောက်တည်းပဲဆိုပေမယ့် အခုတော့ Alexမရှိတာ သူ့အတွက်တော်တော်အထီးကျန်သွားတာပဲ။ အိုလီကလည်း ကိုယ်ဝန်ဆောင်နေရပြီဆိုတဲ့အကြောင်းပြချက်နဲ့ ကိုကိုကြီးက အခန်းထဲကအခန်းပြင်တောင်မထွက်ခိုင်းချင်ဘူး။

အဲဒီလင်လင်နှစ်ယောက်က ပိုကိုပိုလွန်းတယ်၊ အိုလီဆိုတဲ့လဒလေးက အရင်တုန်းက မချွဲခဲ့ရတာတွေအတိုးချချွဲနေသလို သူ့အကိုဆိုတာလဲ ရှက်ကြောကို အိုလီကိုယ်ဝန်ရှိကတည်းက ဖြတ်ပစ်လိုက်တာလားမသိအောင် ဘယ်သူ့ရှေ့မှမရှောင်တော့ပဲ အိုလီကို သည်းသည်းလှုပ်ဂရုစိုက်ပြနေလေရဲ့။

ကိုလတ်ကတော့ ငါအဲဒါတွေမမြင်ချင်ဘူးဆိုပြီး အကြောင်းပြကာ သူ့ရဲ့မယူရသေးတဲ့ လင်ဆီကို ခဏခဏသွားနေတယ်။ အဲဒီတော့ Raymus ခမျာ တစ်ယောက်တည်းအထီးကျန်အဖော်မဲ့ခဲ့လေသည်ပေါ့။

သူ့မှာ Alexကိုလွမ်းလွန်းလို့ ပြန်လာပါလို့ ပြောချင်ပေမယ့်လည်း သူ့ရဲ့မာနက အဲ့ဒီလိုပြောမထွက်ပြန်ဘူး။

သမီးရည်းစားအချင်းချင်း မာနတွေထားနေတာမျိုး မဟုတ်ပေမယ့် သူကအားနေရင် ရည်းစားကိုဂျီကျတတ်တဲ့ ပျော့ညံ့တဲ့Omegaတစ်ယောက် မဖြစ်ချင်ဘူးလေ။ သူက စိတ်ဓာတ်ရော၊ ခန္တာရော သန်မာတဲ့ Omega တစ်ယောက်။

အဲ့တာကြောင့် သူလွမ်းတာတွေကို Alexကို မပြောပဲနဲ့ တတ်နိုင်သလောက် မြိုသိပ်ထားတယ်။

အခုလည်း Alexပြန်သွားတာ နှစ်ပတ်လောက်ရှိပြီဆိုတော့ သိပ်မကြာခင် ပြန်ရောက်လာတော့မှာပဲလေ။

ဒီနေ့တော့ Alexကိုလွမ်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အဖော်ကောင်းတာမို့ သူသွားသောက်ဖို့ စဉ်းစားထားတယ်။

ဒီနေ့ အတန်းခေါင်းဆောင်ရဲ့မွေးနေ့မို့ ဘားတစ်ခုမှာဆုံပြီး အတန်းထဲက ရင်းနှီးတဲ့သူငယ်ချင်းတစ်ချို့ကို လိုက်တိုက်မယ်လို့ Willyကတစ်ဆင့် သူ့ကို လှမ်းပြောတယ်။

အတန်းထဲကလူတွေနဲ့ Raymusကမရင်းနှီးပေမယ့် တခြားသူတွေထက်စာရင်တော့ သူနဲ့အတန်းခေါင်းဆောင်က ရင်းနှီးတာမို့ ဒီနေ့တော့ သွားလိုက်ဦးမယ်လို့ စဉ်းစားမိတာပဲ။ အိုလီကတော့ ကိုယ်ဝန်နဲ့ဆိုတော့ ကိုကိုကြီးက အပြင်ပေးထွက်မှာမဟုတ်သလို ပေးလဲသောက်မှာမဟုတ်ချေ။

That Omega is so cute and I can't help! [Completed]Where stories live. Discover now