26• Is he ---- ?

6.5K 961 105
                                    


That Omega is so cute and I can’t help Part 26

*ဒေါက် ဒေါက်*

Alex အခန်းတံခါးကို Raymus ခေါက်လိုက်တော့ Alex က သူရောက်လာမှာကို ကြိုတင်စောင့်နေတဲ့အလား  ချက်ချင်းတံခါးလာဖွင့်ပေးတယ်။

ကျောပိုးအိတ်ကို လျော့တိလျော့ရဲကိုင်ပြီး မျက်နှာမှာ ဒဏ်ရာတွေနဲ့ ဖြစ်နေတဲ့ Raymus ကို Alexက ကြည့်ရင်း အူတိအူကြောင်မေးခွန်းထုတ်တယ်။

"Raymus မျက်နှာက သွေးတွေက ဘယ်ကရလာတာလဲ''

"ဪ ပျော်လို့လေ အလှလိမ်းလာတာ''

မျက်နှာမှာ ဒဏ်ရာတွေကော သွေးတွေကော မြင်ရဲ့သားနဲ့ ဘယ်ကရတာလဲမေးတဲ့ အူကြောင်ကြောင်ကောင်ကို အရွဲ့တိုက်ပြီး ဖြေလိုက်တယ်။

အဲ့ဒီ သောက်ပိန်း Alphaကောင်က စာလေးပဲတော်တာ၊ ကျန်တာဘယ်နေရာမှ သုံးစားမရဘူး။

ရန်ဖြစ်လာလို့ တိုနေတဲ့စိတ်တွေ ဒီကောင့်ပေါ် ပုံချလိုက်လို့ကတော့ မကောင်းရှိတော့မယ်။

Raymus နဲ့ ရန်ပွဲဆိုတာက ခွဲခြားမရတာမို့ ကျောင်းဆင်းခါနီးတုန်းက ကျောင်းမှာ သူငယ်ချင်းသုံးယောက် ရန်ဖြစ်ခဲ့ကြတယ်။ အကြောင်းကတော့ တခြားမေဂျာကကျောင်းသားတစ်ယောက်က Willy ကိုအနောက်ကနေ ဝင်တိုက်ပြီး တောင်းပန်စကား ကောင်းကောင်းမပြောလို့စဖြစ်ကြတာပဲ။

Willy က ပေါတောတောနေတတ်သူမို့ တဟီးဟီးနဲ့ ဘာမှမဖြစ်ပါဘူးပြောပေမယ့် Raymus ရော အိုလီရော တထစ်ချခံယူမိတာက ဒီအကောင် တမင်သတ်သတ်ရန်စတာဟူ၍ပင်။

အဲဒါနဲ့ပဲ အပါးအယားရန်ပွဲဆင်နွှဲခဲ့ကြသည်ပေါ့။ Raymus တို့ ၃ ယောက်လုံးက ရန်ပွဲဆို တက်ညီလက်ညီချကြလို့ ကိုယ်ခံပညာကို တကူးတကသင်ထားစရာမလိုပဲတတ်မြောက်ကြတယ်ဆိုပေမယ့် ဟိုဘက်က ၄ ကောင်ကလဲ ခါးပတ်အနက်လား ဘာလားမသိလောက်အောင် လက်ဆလက်နပြင်းတာကြောင့် ကိုယ်တွေမျက်နှာမှာလဲ ဒဏ်ရာ အနည်းငယ်တော့ရလာကြတယ်ပေါ့။

"Raymus လာရွဲ့မနေနဲ့ ငါမင်းကို အကောင်းမေးနေတာ ''

Raymus လဲ Alex စကားကို အဖက်မလုပ်ပဲ အခန်းထဲကိုဝင်သွားကာ ကုတင်ပေါ်မှာ ကျောပိုးအိတ်ကို ပစ်ချပြီး သူလည်း ခြေပစ်လက်ပစ်ထိုင်လိုက်တယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now