6• And they finally meet!

7.5K 1K 43
                                    

ကိုကိုကြီးနဲ့အတူ ထိုင်ဖို့ ရွေးလိုက်တဲ့ဆိုင်က အဲဒီ shopping mall မှာရှိတဲ့ လူရှင်းတဲ့ကော်ဖီဆိုင်လှလှလေး။

ကော်ဖီဆိုင်က အရမ်းလှပြီး ထိုင်ချင်စဖွယ်ပြင်ဆင်ထားပေမယ့် ဈေးနှုန်းမားဖြင့် အနည်းငယ်များတဲ့ဆိုင်မို့ ဆိုင်ကိုလာတဲ့ ဧည့်သည်က အရမ်းမများပေ။

"Ice Latte တစ်ခွက်... ပြီးတော့"

Cashier counter မှာ food order လုပ်နေစဉ် မေးလိုက်တဲ့ ကိုကိုကြီးမေးခွန်းကြောင့် Olivier စကားစတို့ ပြတ်တောက်ကုန်တယ်။

"ညနေစောင်းကြီးကို ကော်ဖီသောက်မလို့လား အိုလီ"

သောက်မလို့လားလို့မေးလိုက်ပေမယ့် မသောက်နဲ့လို့ ပြောလိုက်သလိုပဲ တခြားဟာပြောင်းမှာမို့ Olivier ကဖြင့် ဆုံးဖြတ်လိုက်မိတယ်။

ခက်တယ် ကိုကိုကြီးရဲ့စကားဆိုရင် အမိန့်သဖွယ်နာခံတတ်တဲ့အကျင့်က အရင်တုန်းကတည်းက အခုထိ စွဲစွဲမြဲမြဲပဲ။

"မသောက်တော့ဘူး Passion Fruit တစ်ခွက်ပဲပေးပါ"

"အာ သောက်ချင်တာသောက်လေ အိုလီ .. ကိုယ်က ဒီတိုင်းပဲသောက်မလို့လားလို့ မေးလိုက်တာ"

"သောက်တော့ဘူး ညနေစောင်းဆိုတာ မေ့သွားလို့ အဲဒါကြောင့် ကိုကိုကြီးရော ဘာသောက်မလဲ"

"ကိုယ့်ကိုလဲ passion ပဲ မှာပေးတော့..."

နှစ်ယောက်သား အအေးမှာကြပြီး Olivier ကတော့ ကိတ်တစ်တုံးမှာလိုက်သေးတယ်။

ကိုယ်တိုင်ယူစနစ်ဖြစ်တာမို့ food order ကို စောင့်ယူရပြီး မုန့်ဗန်းရောက်လာတော့ ကိုကိုကြီးက သူကိုယ်တိုင်သယ်ပေးတာမို့ Olivier တို့ အံ့ဩပြီးရင်း အံ့ဩရပြီ။

ကိုကိုကြီးက ဒီလောက် ယောကျာ်းပီသတဲ့ boyfriend material type ကြီးလား။

ကိုကိုကြီးလိုအနေအထားလိုမျိုးနဲ့ဆိုရင် ဒီလိုမျိုးလုပ်ပေးမယ်လို့ Olivier ကမထင်ထားဘူး။

တစ်ခါမှလည်း ကိုကိုကြီးနဲ့ အခုလိုအပြင်မသွားဖူးတာလဲ ပါမယ်ထင်တယ်။

ကိုကိုကြီးနဲ့တွဲတဲ့ တခြားသူတွေကိုရော ကိုကိုကြီးကအခုလိုမျိုး လုပ်ပေးနေကြလားလို့ တွေးမိပြီးတော့ သူ့စိတ်ထဲမှာ စိတ်မကောင်းဖြစ်သွားမိတာအမှန်ပဲ။

That Omega is so cute and I can't help! [Completed]Where stories live. Discover now