10• My ex is my Secretary

7.7K 1K 42
                                    


That Omega is so cute and I can’t help Part 10

"Daddy ဘယ်လိုဖြစ်ပြီး Daddy အတွင်းရေးမှူးက ကျွန်တော့်အတွင်းရေးမှူး ဖြစ်နေတာလဲ''

"Daddy အသက်လည်း ငါးဆယ်ကျော်ပြီ၊ Daddy အလုပ်မလုပ်တော့ပဲ အနားယူချင်နေတာလည်း တော်တော်ကြာပြီ၊ အစတုန်းက မင်းကိုကိုကြီးက CEOအနေနဲ့ Daddyကို ကူညီပေးနေပေမယ့် သူတစ်ယောက်တည်း လုပ်ငန်းတစ်ခုလုံးကို ဦးစီးဖို့အတွက် ပင်ပန်းနေမှာပဲဆိုပြီး Daddyက အလုပ်တွေမနားပဲ ကူညီပေးနေတာ၊ အခုတော့ သားလတ်ပါပြန်ရောက်ပြီဆိုတော့ သားတို့ညီအကိုနှစ်ယောက်ကို တာဝန်တွေခွဲပေးပြီး Daddyအနားယူချင်ပြီလေ ''

"Daddyအနားယူတာတော့ ဟုတ်ပါပြီ၊ဒါပေမယ့် ဘာဖြစ်လို့ Sam က....''

"Sam က Daddy အယုံကြည်ရဆုံး အတွင်းရေးမှူး၊Daddy မျက်လုံးစုံမှိတ်ပြီး အာကိုးရတဲ့ တစ်ဦးတည်းသော တပည့်ဆိုရင်လည်း မမှားဘူး၊ အဲ့တာကြောင့်အခုမှ လုပ်ငန်းခွင်ဝင်မယ့် အတွေ့အကြုံ မရှိသေးတဲ့ သားအတွက် Sam က ကောင်းကောင်းအထောက်အကူပြုနိုင်မယ် ထင်လို့ သားကိုလက်လွှဲပေးတာ''

“Daddy က ကျွန်တော့်အတွင်းရေးမှူးအနေနဲ့ Sam ကိုလုပ်စေချင်တာတော့ဟုတ်ပါပြီ။ Sam ဘက်ကရော ဒါကို သဘောတူရဲ့လား”

Daddyကို မေးလိုက်တာ ဖြစ်ပေမယ့် Nicholasရဲ့ မျက်လုံးတွေက Sam ကိုကြည့်နေခဲ့တယ်။

သူ့အကြည့်တွေက စူးစူးရှရှနဲ့ ရဲရဲတင်းတင်းပါပဲ။

Nicholas နေရာမှာ တခြားသူသာဆိုရင်တော့ သူကစဖြတ်ခဲ့တာ ဖြစ်တဲ့အတွက် တစ်ဖက်က ရည်းစားဟောင်းကိုမကြည့်ရဲတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် Nicholas ကတော့ တခြားသူမှမဟုတ်ပဲလေ။

သမီးရည်းစားနှစ်ယောက် နှစ်ဦးသဘောတူ ကြိုက်ချင်လို့ကြိုက်ကြတယ်၊ ပြတ်ချင်လို့ ပြတ်ကြတယ်။

အဲ့တာကို Nicholas ဘက်က အားနာနေစရာမလိုဘူး မဟုတ်လား။

"Nicholasအဆင်ပြေရင် ကျွန်တော်အဆင်ပြေပါတယ်၊ ကျွန်တော့ဘက်ကဘာမှပြောစရာ မရှိပါဘူး၊ ဥက္ကဌကြီးက ကောင်းမယ်ထင်လို့ စီစဉ်တာပဲ၊ ကျွန်တော်လက်ခံပါတယ်''

သူ့မျက်နှာကို ခပ်တည်တည်ကြည့်ပြီး Samက ပြောလာတာမို့ Nicholas အံ့သြသွားမိတာ ဝန်ခံရမယ်။ Sam က သူ့ထက်ကြီးပေမယ့် အရင်တုန်းကဆို သူနဲ့မျက်လုံးချင်းဆုံကြည့်ပြီး စကားဆိုတာ အရမ်းရှားတယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now