11• First Study Time

6.8K 954 39
                                    


That Omega is so cute and I can’t help Part 11

Betaကောင် ဆွဲခေါ်ရာနောက်ကို ကားယားကြီးပါသွားပေမယ့် သူ့အဆောင်ကိုမသွားခင် Raymus တို့ ပြဿနာ ထပ်တက်ကြ ပြန်တယ်။

အကြောင်းကတော့ သူ့အဆောင်ကိုဘယ်လိုသွားမယ်ဆိုတဲ့ကိစ္စကြောင့်ပဲ။

"ဟျောင့် နေဦး ၊ ငါ့ကားက ဟိုဘက်မှာ ရပ်ထားတာ''

"ငါက မင်းကားဘယ်မှာ ရပ်ထားတာလဲလို့ မေးလို့လား''

"မင်းအဆောင်ကို သွားမှာဆို၊ ငါ့ကားနဲ့ မသွားလို့ ဘယ်လိုသွားရမှာလဲ''

"ဟေ့ အပိုစကားတွေ ပြောမနေနဲ့၊ ကျောင်းကအဆောင်က ကျောင်းကနေထွက်လိုက်ရင် ရောက်ပြီဟာကို ဘာလုပ်ဖို့ မင်းကားကို ယူသွားဦးမှာလဲ''

"ဟ မင်းဆီကနေ စာသင်ပြီးရင် ငါအိမ်ပြန်ရအုံးမှာလေ၊ ငါက ကားနဲ့မပြန်လို့ မိုးပေါ်ကနေ ပျံပြီးသွားရမှာလား၊ ငါက အဘက်ဘက်က ပြည့်စုံတယ်ဆိုပေမယ့် Superman တော့မဟုတ်ဘူးနော်၊ သိဘို့''

ဝတ်ထားတဲ့အနွေးထည်လေးကို လက်နဲ့အသာအယာပင့်တင်လို့ သူပြောလိုက်တော့ Alex က နှာခေါင်းရှုံ့တယ်။

"ရူးသလို နှမ်းသလိုတွေ ပြောမနေနဲ့၊ မင်းကို ဘယ်သူမှ superman လို့ထင်မနေဘူး။ အခု လမ်းလျှောက်ပြီး အဆောင်ကိုလိုက်ခဲ့၊ ပြန်တော့မှ မင်းကားကိုလာယူပြီး မင်းကားနဲ့မင်း ပြန်ပေါ့''

"စာသင်ပြီးပြန်မယ့်အချိန်က နောက်ကျနေပြီလေ၊ အဲ့ဒီအချိန်ကျမှ ငါက ကျောင်းထဲကို တစ်ယောက်တည်း ဘာလာပြန်လုပ်ရမှာလဲ''

"ဟက် မင်းကသရဲကြောက်တတ်လို့လား''

ချက်ကောင်းကို ထိသွားတဲ့မေးခွန်းကြောင့် သူ့မျက်နှာအနည်းငယ်ပျက်သွားမိပေမယ့် ဟန်မပျက်ပဲ ပြန်ပြောလိုက်ရတယ်။

"အောင်မာ ငါက သရဲကြောက်တာ မဟုတ်ပါဘူး၊ .. ဒီတိုင်း .. သရဲကို မကြိုက်တာလေးပဲ''

"အဲ့တာနဲ့များ သူ့ကိုယ်သူ လူဆိုးတဲ့၊အော်တောင် ရယ်လိုက်ချင်သေးတယ်''

ပြောလဲပြော ရယ်လဲရယ်နေတဲ့ ကောင်စုတ်က တစ်စက်မှ မေတ္တာမရှိချင်စရာပဲ။

That Omega is so cute and I can't help! [Completed]Where stories live. Discover now