36• Love me, Love me, Say that you love me!

7.3K 907 76
                                    

သူကပဲ ပြန်ပြီး အိုလီ့ကို စိတ်ဆိုးသွားပုံရကာ
အခန်းထဲကနေ ထွက်သွားတဲ့ ကိုကိုကြီးကိုကြည့်ပြီး
အိုလီ တနုံ့နုံ့ စိတ်တိုနေမိတယ်။

အဲ့ဒီကိုကိုကြီးက တကယ်ပဲ တုံးအလွန်းတာလား
ဒါမှမဟုတ်ရင် အချေလွန်နေတာလား တစ်ခုခုပဲ။

အမှန်တကယ်ဆိုရင် အခုလိုမျိုး အိုလီ့ ဆန္ဒလည်းမပါပဲ အိုလီ့ကိုခိုးပြေးလာတဲ့အချိန်မှာ အလိုအပ်ဆုံးစကားတစ်ခုကို သူပြောသင့်တာပေါ့။

အဆုံးရှုံးမခံနိုင်လို့ ဝေးရမှာကြောက်လို့ ဆိုတာထက်
ပိုပြီးအဓိကကျတဲ့ ချစ်တယ်ဆိုတဲ့ ရင်ဖွင့်စကားကို ကိုကိုကြီးက သူ့ကိုမပြောခဲ့ဘူးလေ။

အခု သူမပျော်ဘူး မဟုတ်ဘူး အမှန်အတိုင်းဝန်ခံရရင် သူပျော်ပါတယ် ၊ ကိုကိုကြီးနဲ့ လက်ထပ်ရဖို့ ကိုကိုကြီးနဲ့ အတူရှိရဖို့ ဆိုတာက အိုလီ့ရဲ့ အိပ်မက်ပါပဲ။

ဒါပေမယ့် သူကချစ်ပြီး သူ့ကိုပြန်ချစ်တာမျိုး လိုချင်တာလေ အခုလိုမျိုး သူ့ကို နိုင်ထက်စီးနင်းနဲ့ ဇွတ်အတင်းခိုးပြေးတာမျိုး သူလိုချင်တာ မဟုတ်ခဲ့ဘူးလေ။

ဇွတ်အတင်းနဲ့ ခိုးပြေးသွားတယ် ထားပါဦးတော့၊
ခိုးပြေးလာပြီးရင်တော့ ချစ်တယ်ဆိုတဲ့ ဖွင့်ဟစကားကို ကိုကိုကြီးက ပြောသင့်တာပေါ့။

အခု​တော့ ကိုကိုကြီးက ခိုးတော့ခိုးလာပါရဲ့ ချစ်တယ်လဲမပြော မချစ်ဘူးလဲမပြော မင်းငါ့အနားမှာပဲ နေရမယ်လို့ အတင်းခေါ်ထားတာမျိုးတော့ အိုလီသဘောမကျဘူး။

အခုချိန်မှာ အိုလီ့ဘက်က ကိုကိုကြီးရဲ့ ပြောစကားအကုန်လုံးကို သဘောတူလက်ခံပြီး အင်းလို့သွားပြောလိုက်ကြည့် ကိုကိုကြီးက သူ့ကိုတစ်သက်လုံး နိုင်စားသွားတော့မှာ။

ကိုကိုကြီးရော ကိုလတ်တို့ရဲ့ Typeကိုက အဲ့လိုမျိုးပဲ၊
သူတို့က သူတို့ဖြစ်ချင်တာတွေလုပ်မယ်ဆိုတဲ့စိတ်နဲ့ ရှင်သန်နေကြတဲ့လူစားတွေ။

တစ်ဖက်သားရင်ထဲမှာ ဘယ်လိုခံစားရမယ်ဆိုတာ မျိုးကို သူတို့တွေက မတွေးပေးတတ်ကြဘူး။

အိုလီလည်း အသည်းနှလုံးရှိတဲ့ ခံစားချက်ရှိတဲ့လူပဲ။

ကိုယ့်ကိုခိုးပြေးလာတဲ့ မကြာခင်မှာ
ကိုယ့်အိမ်ထောင်ဘက်ဖြစ်လာတော့မယ့် ယောကျာ်းတစ်ယောက်က ချစ်တယ်လို့​ပြောတာကိုတော့
အိုလီကြားချင်တာပေါ့။

That Omega is so cute and I can't help! [Completed]Where stories live. Discover now