2• Does my bff like my big brother?

11.6K 1.3K 104
                                    


That Omega is so cute and I can’t help Part 2

"ကိုကိုကြီးက အခုချိန်ထိပြန်မလာသေးဘူးလား"

ဂိမ်းအတူဆော့နေရင်းနဲ့ Olivier က မေးတဲ့အခါ Raymus ထရယ်မိတယ်။

အချိန်က ည ၉ နာရီ။

ကိုကိုကြီးက ဘယ်တုန်းက ဒီလိုအချိန် အိမ်ပြန်လာလို့လဲ။

အလုပ်ထဲမှာအလုပ်လုပ်နေတုန်းမဟုတ်ဘူးဆိုရင်တောင် သူ့ရဲ့ business partner တွေနဲ့ ညစာစားရင်စား၊ မစားနေရင် သူ့ sex partner တွေနဲ့ ဟိုတယ်ရောက်နေလောက်တယ်။

"ကိုကိုကြီးက ဒီအချိန်မှ အိမ်ပြန်လာလေ့မရှိတာကို"

"အဲဒါဆို ကိုကိုကြီးက ဘယ်မှာ ညစာစားတာလဲ"

“အဲဒါတော့ ငါလဲဘယ်သိမလဲ ငါက သူ့ညီလေ သူ့အဖေမှမဟုတ်တာ။ ပြီးတော့ စိတ်မဝင်စားဘူး”

ကြားရတာ နားသက်သာချင်မှသက်သာလိမ့်မယ်ဆိုပေမယ့် ဒါကအမှန်တရားပဲ။ Raymus တို့ညီအကိုတွေက တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတယ်ဆိုပေမယ့် ချီး၊သေးကအစ အပြန်အလှန်ပြောပြကြတဲ့ တွတ်တီးတွတ်တာ ဆက်ဆံရေးမျိုးမရှိကြဘူး။

အရေးကြီးရင် သွေးနီးတယ်၊ ဒါပေမယ့် အရေးမကြီးသရွေ့တော့ ၃ ယောက်လုံးက ဖာသိဖာသာပဲ။

နိုင်ငံခြားမှာကျောင်းတက်နေတဲ့ ကိုလတ်နဲ့ဆို ဖုန်းမပြောဖြစ်တာ ၃ ပတ်လောက်တောင် ရှိတော့မလားမသိ၊ ကိစ္စမရှိရင် တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မလုပ်ကြတာ သူတို့မိသားစုရဲ့ထုံးစံပဲ။

အဖေနဲ့တောင် သာကြောင်းမာကြောင်း တစ်ပတ်တစ်ခါလောက်ဖုန်းပြောဖြစ်တာရယ်ပါ။

"မင်းကလဲ ကိုယ့်အကိုကြီးတစ်ယောက်ရှိတာ နည်းနည်းလေးမှ ဂရုမစိုက်ဘူးလား”

“ဟော ပြောပြီးပါပြီရော ငါက သူ့အဖေမှမဟုတ်တာ။ ထမင်းဘယ်မှာစားလဲကအစ လိုက်မေးနေရမှာလား။ ပြီးတော့ ကိုကိုကြီးက သူ့အကြောင်းတွေ လိုက်မေးတာမကြိုက်ဘူး”

“မင်းတို့ညီအကိုတွေကလဲ ဘာကြီးမှန်းကိုမသိဘူး”

Olivier တို့မိသားစုကတော့ သူတို့လိုမဟုတ်တာမို့ သူတို့အထာကို နည်းနည်းထူးဆန်းတယ်လို့ တွေးနေတာ သူ့အလွန်လဲမဟုတ်။ Olivier တို့မိသားစုက နွေးထွေးကြတယ်။ Olivier မှာအမတစ်ယောက်ရှိပြီး အဲဒီအမက အိမ်ထောင်ကျသွားတာတောင် သူတို့နဲ့တစ်အိမ်တည်းအတူနေတုန်းပဲ။

That Omega is so cute and I can't help! [Completed]Where stories live. Discover now