21•Not so fast Raymus🤣

6.7K 963 73
                                    


That Omega is so cute and I can’t help Part 21

"ဟေ့ Raymus ''

"ခနေနဦးကြာ ငါဒီမှာ ဂိမ်းဆော့နေတယ်''

"Raymus လို့''

"ဟ ဘာဖြစ်နေတာလဲလို့''

Raymus စိတ်တိုတိုနဲ့ အသံပိုင်ရှင်ကို မော့ကြည့်လိုက်တော့ ဌာနမှူးဖြစ်လို့နေတယ်။

Raymus နှယ် အခုတလော ကံမကောင်းပုံများ၊ အခန်းထဲမှာအေးအေးလူလူ ဂိမ်းထိုင်ဆော့နေတာတောင် ဌာနမှူးက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသေးတယ်။

"ဟဲဟဲ ဌာနမှူး ဘာကိစ္စရှိလို့လဲဗျ''

"မင်းကို လာခေါ်တာ၊ငါ့ရုံးခန်းထဲ လိုက်ခဲ့''

"ဗျာ .. ဘာဖြစ်လို့လဲဟင်''

"ရုံးခန်းထဲရောက်မှပြောမယ်''

အဲ့ဒီလိုပြောပြီး ဌာနမှူးကထွက်သွားတော့ Raymusမွာ ရှိသမျှ ဘုရား အကုန်တလိုက်ရတယ်။

ဌာနမှူးက တစ်ယောက်ယောက်ကို တစ်ဆင့်ခေါ်ခိုင်းတာ မဟုတ်ပဲ သူကိုယ်တိုင်လာခေါ်ပြီဆိုရင်

စိတ်အခန့်မသင့်တာ သေးသေးလေး မဟုတ်မှန်းသိလိုက်တယ်။

ဧကန္တသူ Alexကို စာမသင်ပဲ ရှောင်နေတဲ့ ကိစ္စများလား မသိဘူး။

သူ Alex ဆီ စာသွားမသင်ဖြစ်တာ တစ်ပတ်နီးပါးလောက်ရှိပြီ။

အတန်းထဲမှာ တွေ့နေပေမယ့် အမြဲတမ်း စာလိုက်လုပ်တဲ့ Alex က Raymus အတန်းထဲက  လစ်လစ်သွားတာကို မှီအောင်လိုက်မဖမ်းနိုင်ဘူး။

Raymus ကလည်း အပျော်ကြီးပျော်ပြီး Alexနဲ့ မတွေ့အောင် ရှောင်နေပစ်ခဲ့တာ။

စာသွားသင်ရမယ့် ရက်တွေဆိုရင်လည်း Alexဆီ မသွားပဲ အိမ်တန်းပြန်တယ်။

အဲ့ဒီလိုနဲ့ နည်းနည်းကြာသွားရင် သူ Alexနဲ့စာသင်တဲ့ကိစ္စက သူ့အလိုလိုပြီးသွားမယ်လို့ ထင်ခဲ့တာ။

Raymus ဂိမ်းဆော့နေရင်းကပင် Alexကို တစ်ချက်ရှိုးလိုက်သေးတယ်။

Alexက သူ့ခုံမှာထိုင်ပြီး တကုတ်ကုတ်နဲ့ ဘာတွေရေးနေမှန်း မသိဘူး။

အခုမှဆရာထွက်သွားတာဆိုတော့ ဆရာသင်သွားတဲ့စာတွေကို Notes ထိုင်မှတ်နေပုံရတယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now