56• My life in your hand

6.3K 751 55
                                    


That Omega is so cute and I can’t help Part 56

“ဘေဘီ ဒါကဘယ်သွားမလို့လဲ”

ဆိုင်တစ်ဆိုင်ဆိုင်မှာ Sam နဲ့ အတူ နေ့လည်စာအတူသွားမယ်လို့စဉ်းစားပြီး သူ့ရုံးခန်းထဲက ထွက်လာရုံရှိသေး၊ သူ့အလုပ်စားပွဲမှာမဟုတ်တော့ပဲ ဓာတ်လှေကားဆီလျှောက်လို့သွားနေတဲ့ Sam ကိုတွေ့လိုက်ရတယ်။

အဲဒါကြောင့်ပဲ သူ Sam နောက်ကို အပြေးလိုက်ခဲ့ပြီး မေးတော့ ဟိုက ဖြေချင်သလို မဖြေချင်သလို မထုံတက်တေးနဲ့။

သူချစ်မှန်းသိလို့ သူ့ အိုမီဂါလေးက အရင်ထက်ပိုဆိုးလာချင်တာ၊ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ သူကလဲ အရမ်းတွေအလျှော့ပေးချင်နေမိပြီလေ။

“ဘေဘီ ဘယ်သွားမလို့လဲဆို”

“ဘယ်သွားရမှာလဲ နေ့လည်ပါဆို နေ့လည်သွားစားမှာပေါ့”

မျက်စောင်းလေးဝံ့လို့ပြောလိုက်ပုံက သူ့ကိုချက်ချင်းကြွေကျသွားစေတယ်ဆိုတာ Sam ကမသိရှာဘူး။

“ဟာ အဲဒါဆိုအတော်ပဲ ကိုယ်လဲ ဘေဘီ့ကိုနေ့လည်စာသွားစားရအောင်လို့်ပြောမလို့။ ဘယ်ဆိုင်မှာ သွားစားမလဲ။ ကိုယ်နဲ့အတူတူသွးကြမယ်လေ”

“ဘယ်ဆိုင်မှမသွားပါဘူး အောက်ထပ်က caferteria မှာသွားစားမလို့”

“အာ…”

Nicholas တို့ရဲ့ ကုမ္ပဏီက ကုမ္ပဏီကြီးတစ်ခုဖြစ်တာမို့ ရုံးကဝန်ထမ်းတွေ အစားအသောက်အဆင်ပြေစေဖို့အတွက် cafeteria တစ်ခုရှိကာ နေ့လည်စာကိုအလကားကျွေးတာမို့ ဝန်ထမ်းအားလုံးက အဲဒီမှာသာ နေ့လည်စာစားတတ်ကြတယ်။

ရုံးခန်းအလွှာတိုင်းမှာ ဌာနတွေရဲ့ သီးသန့် မီးဖိုချောင် (pantry) အသေးစားလေးရှိပြီး ကော်ဖီ၊ ရေနွေးအစရှိတာတွေကို အလကားသောက်နိုင်တဲ့အပြင် cafeteria မှာလဲ တခြားကော်ဖီ၊အအေးနဲ့ ပေါ့ပေါ့ပါးပါး မုန့်ပဲသရေစာတွေစားနိုင်အောင် ဆိုင်ခန်းလေးပါတွဲဖွင့်ထားပေးတယ်။

အဲဒီမှာတော့ ပိုက်ဆံနဲ့စားရတယ်ဆိုပေမယ့် အမြတ်တင်ထားတာမျိုးမဟုတ်ပဲ ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်စားလို့ရတာမို့ ဝန်ထမ်းတွေသဘောကျကျတဲ့အပြင် ကိုယ်ရေးကိုယ်တာကိစ္စရှိလို့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တွေ့ချင်ရင်လဲ cafeteria မှာတွေ့နိုင်သေးတယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now