57 • Who? My brother-in-law?

6.6K 783 45
                                    


That Omega is so cute and I can’t help Part 57

Thomas မှာ အိုလီတို့ကျောင်းနားက ဖက်ထုပ်ဆိုင်လေးရှေ့မှာကားရပ်ရင်း ဒီဆိုင်မှာတော့ ဖက်ထုပ်လေးကျန်ပါစေလို့သာ ဆုနာနာတောင်းမိနေတယ်။

ည ၉ နာရီကျော်လောက်ကျမှ သူ့ရဲ့ကိုယ်ဝန်ဆောင်လေးက စားချင်တာ ဖက်ထုပ်ပါတဲ့။

ကိုယ်ဝန်ရှိပြီဆိုကတည်းက အချဉ်အစပ်တွေမစားရဘူး၊ ဟိုဟာဒီဟာမစားရဘူးဆိုပြီး ပိတ်ပင်ခဲ့ပေမယ့် ဖက်ထုပ်ကတော့ ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအစာမဟုတ်တာမို့ သူမပိတ်ပင်ချင်တော့။

ညစာလဲစောစောစားထားတော့ အိုလီဗိုက်ဆာရင် ညအိပ်မပျော်မှာစိုးလို့ဆိုပြီး သူ့မှာ ဖက်ထုပ်ရှာပုံတော်ထွက်ရတော့တယ်။

ဒါပေမယ့် ဖက်ထုပ်တို့ ခေါက်ဆွဲတို့က မနက်ပိုင်းရောင်းကြတာများတော့ ဆိုင်တွေက ညဘက်မဖွင့်တာများတယ်။

အခုတောင် သူပတ်ရှာနေတာ ၃ ဆိုင်ရှိပြီ၊ ဘယ်ဆိုင်မှာမှ ဖက်ထုပ်မကျန်တော့ချေ။

ဒီဆိုင်က သူသိတဲ့ဆိုင်တွေထဲက နောက်ဆုံးဆိုင်ပဲ၊ ဘယ်မှာမှရှာမရခဲ့ရင် အိမ်ရောက်ရင် အိုလီက နှုတ်ခမ်းထော်ပြီး စိတ်ကောက်လေအုံးမယ်ထင်။

“အန်တီရေ ဖက်ထုပ်ကျန်သေးလားဗျ”

“အခုပဲနောက်ဆုံးကျန်တာကိုရောင်းလိုက်ပြီ လူလေးရေ”

“ဟာ ဟုတ်လား”

ဆိုင်ပိုင်ရှင်အဒေါ်ကြီးစကားကြောင့် Thomas ခေါင်းကုတ်ရပြီလေ။ ဖက်ထုပ်မရရင် ဘာများစားမလဲလို့ အိုလီ့ကို ဖုန်းဆက်မေးမှထင်တယ်။

“ဟလို ကလေးလေးလား .. အင်း အဲဒါပြောမလို့ ဖက်ထုပ်က တစ်ဆိုင်မှမရတော့ဘူး ကုန်ပြီတဲ့”

“…..”

“မဟုတ်ပါဘူး ကလေးရယ် ကိုယ်လဲလိုက်ဝယ်တာပဲ အခု ၄ ဆိုင်မြောက်တောင်ရှိပြီ ဖက်ထုပ်မရရင် တခြားမစားချင်ဘူးလား”

“….”

“အင်းပါ အဲဒါဆိုလဲ ကိုယ်အိမ်ပဲပြန်လာခဲ့မယ်နော် စိတ်မကောက်ပါနဲ့ကွာ”

“ဟိုလေ အကို..”

အိုလီနဲ့ဖုန်းပြောပြီးလို့ ဖုန်းကို ဘောင်းဘီအိတ်ထဲပြန်ထည့်တဲ့အချိန်မှာပဲ သူ့ဘေးနားမှာ ကောငလေးတစ်ယောက်က လာရပ်ပြီးခေါ်လေတယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now