34• Treat you better

6.9K 933 141
                                    


That Omega is so cute and I can't help Part 34

တစ်ညလုံး မထွေးနိုင် မအန်နိုင်ဖြစ်ပြီး Thomas တစ်ညလုံး ခေါင်းတအားခဲနေခဲ့ပေမယ့် ဖြေရှင်းရမယ့်နည်းလမ်းဆိုတာကို Thoma sစဉ်းစားမိလိုက်တော့ မနက်စောစောပဲ အိပ်ယာက နိုးထလာခဲ့တယ်။

အမှန်ကတော့ တစ်ညလုံးလုံး မအိပ်ရသေးဘူးဆိုရင်တော့ ပိုမှန်မှာပဲ။

ဒီနေ့ သူလုပ်မယ့်အရေးကြီးတဲ့အရာတစ်ခုရှိတာမို့ တက်ကြွစွာနဲ့ပဲ ရေအမြန်ချိုးပြီး အဝတ်အစားလှဲလိုက်တယ်။

အဲ့ဒီနောက် သူအိမ်ကနေထွက်ခဲ့တော့ အိမ်က ညီနှစ်ယောက်တောင်နိုးသေးပုံမရဘူး။

မနက် ခုနစ်နာရီလောက်ကြီး အိုလီ့ရဲ့ အိမ်ရှေ့ရောက်နေပေမယ့် Thomas မှာ အိုလီ့ကို ဖုန်းခေါ်ဖို့အတွက် ခြေတုံချတုံနဲ့ စဉ်းစားနေမိတာ ဘယ်နှစ်မိနစ်ရှိသွားပြီမသိတော့။ ဘယ်တုန်းကမှ သူ့ဘက်ကနေ စမခေါ်ဖူးခဲ့တဲ့ ဖုန်းနံပါတ်လေးကိုကြည့်ပြီး သူရင်ခုန်နေမိတယ်။

ဒါပေမယ့် သူအခုချိန်မှာ ဖုန်းမခေါ်လိုက်ဘူးဆိုရင် သိပ်မကြာခင်အချိန်မှာ အိုလီက တခြားသူနဲ့ စေ့စပ်တော့မှာ။

အဲ့ဒီလိုအဖြစ်မျိုးကို သူအဖြစ်မခံနိုင်ဘူး၊အဲ့တာကြောင့်လက်တုန်တုန်နဲ့ပဲ သူအိုလီ့ဆီ ဖုန်းခေါ်လိုက်တယ်။

"Hello ကိုကိုကြီး''

အိုလီက ဖုန်းကိုင်ပါ့မလားလို့ Thomas စိတ်ပူနေခဲ့ပေမယ့် ပထမဦးဆုံးအကြိမ် ဖုန်းခေါ်တဲ့အချိန်မှာပဲ အိုလီက ဖုန်းပြန်ဖြေတာမို့ Thomas အားတက်သွားတာအမှန်။ ဒါပေမယ့် အသံလေးကတော့ အိပ်ချင်မူးတူး၊ မနက်စောစောမထတတ်တဲ့ကောင်လေးက သူစေ့စပ်မယ့်နေ့မှာတောင် အိပ်ပုတ်ကြီးလို့ကောင်းနေတုန်း။

"Hello အိုလီလား''

"ဟုတ်ကဲ့ ကိုကိုကြီး ဘာပြောစရာရှိလို့လဲ''

အမြဲတမ်း ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ နေခဲ့တဲ့ Thomasက အခုတော့ အိုလီ့ကို တောင်းပန်စကား ဘယ်ကနေ စပြောရမှန်းမသိဘူး ။

"ဟိုလေ ခြံပြင်ခဏ ထွက်ခဲ့ပါ့လား''

"ဗျာ ခြံပြင် ... ကိုကိုကြီး ကျွန်တော့်ခြံရှေ့ရောက်နေတာလား"

That Omega is so cute and I can't help! [Completed]Where stories live. Discover now