37• Love me like you do🔥

9.1K 962 129
                                    


That Omega is so cute and I can't help Part 37

Nicholasမှာ တစ်နေ့ထဲ ထူးဆန်းတာတွေချည်းပဲ ကြုံနေရလို့ အံ့ဩပြီးရင်း အံ့ဩလို့နေရတယ်။

ပထမဆုံးထူးဆန်းတဲ့ ကိစ္စကတော့ ကိုကိုကြီးပေါ့၊ ကိုကိုကြီးက သူ့လို ရည်းစားရှုပ်တဲ့လူလည်းမဟုတ် အနေအထိုင်တည်တံ့ပြီး သေချာပေါက် Omegaချောချောလေးတစ်ယောက်နဲ့ အိမ်ထောင်ပြုမယ်လို့ ထင်ထားတာ။

တကယ်တမ်းကျတော့ တောင်းရမ်းလက်ထပ်ယူတာတောင် မဟုတ်ပဲ မြီးကောင်ပေါက်စတွေလို ခိုးပြေးသွားတာ ကိုယ်တွေငယ်ငယ်တုန်းက ထိန်းခဲ့တဲ့ အိုလီ့ကိုတဲ့လား။

ကိုကိုကြီးနဲ့အိုလီရယ်လို့ တစ်ခါမှ ဆက်စပ်ပြီး မတွေးခဲ့မိဘူး၊ မသကာကွာ သူနဲ့အိုလီနဲ့ဆိုတောင် ဟုတ်တုတ်တုတ်။

ကိုကိုကြီးနဲ့အိုလီနဲ့ Styleချင်းက ဘယ်လိုမှဆက်စပ်လို့မရတာကို သူတို့နှစ်ယောက်လို့ကြားတော့ ကိုယ့်မှာ တကယ့်ကိုအံ့ဩ။

နေ့လည်Coffeeသောက်ချိန်မို့ Samကို ဟိုဟာစားချင်တယ် ဒီဟာသောက်ချင်တယ်လို့ပြောပြီး ရုံးမှာရစ်နေတုန်းရှိသေး ကိုကိုကြီးဆီက ဖုန်းဝင်လာပြီး သူအိုလီ့ကို ခိုးသွားပြီလို့ပြောတုန်းကဖြင့် Nicholasက ကိုကိုကြီးနောက်နေတယ်လို့ ထင်မိတာ။ နောက်မှ Daddy ကပါ သူ့ကိုလှမ်းအကြောင်းကြားလာတာမို့ သူက အဟုတ်ပဲဆိုတာ သိရတော့တယ်။

အကြောင်းစုံမသိရသေးတဲ့ Daddyက ကိုကိုကြီးကိစ္စ ပြောရအောင်ဆိုပြီးတော့ အိမ်မှာချိန်းတော့ သူ့မှာ အလုပ်လုပ်ရင်း တန်းလန်းက အိမ်ကိုထပြန်လာရတယ်။

ဟော် အိမ်ပြန်ရောက်တော့လည်း နောက်ထပ်ထူးဆန်းတာကို ကြုံတွေ့ခဲ့ရပြီလေ။

Raymus တစ်ယောက် သူငယ်ချင်းဆိုတဲ့ သူတစ်ခါမှမမြင်ဖူးတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို သူ့အခန်းထဲမှာ ခေါ်ထည့်ထားတယ်တဲ့ ခင်ဗျာ။

Raymus မှာ တစ်သက်နဲ့တစ်ကိုယ် သူငယ်ချင်းဆိုလို့ အိုလီနဲ့ Willy ပဲရှိခဲ့တာ အခုမှတွေ့ရတဲ့ ကောင်လေးက Raymus သူငယ်ချင်းပါဆိုပြီး အိပ်ခန်းထဲရောက်နေတော့ Nicholas မှာ ထူးဆန်းတော့တာပေါ့။

That Omega is so cute and I can't help! [Completed]Where stories live. Discover now