19• A little hope!

6.3K 936 105
                                    

"Raymus ဟိုမှာ မင်းရဲ့ beta ကောင် မင်းဆီကိုလာတာနေတာမဟုတ်လား"

အိုလီနဲ့ Raymus က Raymus အိမ်ပြန်ဖို့ Raymus ရဲ့ ကားနားကိုရောက်နေတာဖြစ်ပြီး  Alex က သူ့ရဲ့ sport bag ကြီးကို လက်တစ်ဖက်မှာဆွဲလို့ သူတို့အနားကို ခပ်သွက်သွက်လျှောက်လာနေတာဖြစ်သည်။

"အေး မင်းမြန်​မြန် ကားပေါ်တက်"

"အမ် ဟိုမှာ မင်းဆီလာနေတာပါဆို"

"မရှည်နဲ့ ငါသိပါတယ် မင်းမသိပါဘူး"

"ဟေ့ကောင် ငါသိတယ်တွေကော မင်းမသိပါဘူးတွေရော ရှုပ်နေတာပဲ ဘာဖြစ်နေတာလဲ"

"နောက်မှပြောပြမယ် သွားမယ် ကားပေါ်တက်.."

Raymus က အိုလီ့ကိုကားပေါ်အတင်းတက်စေသလို သူကလဲ ကားပေါ်တက်ပြီး ကားစက်ပါနှိုးနေတာကြောင့် သူမကျန်ခဲ့ဖို့အရေး ကားပေါ်ကို အသည်းအသန် တက်ရတယ်။

ဒါပေမယ့် ခေါင်းထဲမှာတော့ question mark တွေအပြည့်နဲ့၊ အခုတလော Raymus ကိုကြည့်ရတာ မူမမှန်သလိုပဲ။

လွန်ခဲ့တဲ့ ၂ ရက်ကတော့ ဒီကောင်ပြောတာ သူနဲ့ သူ့ရဲ့ ဟို beta ကောင်က သိပ်မကြာခင်ပဲ ရည်းစားဖြစ်တော့မလိုလိုဘာလိုလိုနဲ့၊ အခုကျ ပတ်ပြေးနေတယ်တဲ့လား။

"Ray မင်းက ဘယ်လိုဖြစ်လို့ Alexကို ပတ်ပြေးနေတာလဲ''

"ဟမ် ငါကလား မပတ်ပြေးပါဘူး''

မပတ်ပြေးပါဘူးလို့ ပြောတဲ့မျက်နှာက တစ်ခုခုကို
ဖုန်းကွယ်ထားတဲ့ မျက်နှာဆိုတာ အိုလီကောင်းကောင်း သိတယ်။

Rayပဲပြောခဲ့ဖူးတယ်လေ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ညာလို့မရပါဘူးဆို။

အခု ဒီကောင်က အိုလီ့ကို ဘာတွေလာညာချင်နေရတာတုန်း။

"ဟိတ်ကောင်Ray ပေါင်းလာတာ မင်းဘောင်းဘီမပါပဲ ဟိုဟာတန်းလန်းနဲ့ အိမ်မှာ ပတ်ပြေးနေတဲ့ အရွယ်ကတည်းကနော် ကျန်တဲ့သူကို သွားဖော
ငါ့လာမဖောနဲ့ ဘာဖြစ်လို့လဲပြော''

"ငါ မင်းကို နောက်မှပြောပြမယ်ကွာ မင်း ဒါနဲ့နေပါဦး ဒီနေ့ဘာလို့အိမ်ကို အတင်းလိုက်ချင်နေတာလဲ မင်းကိစ္စကို အရင်ပြောစမ်းပါဦး''

That Omega is so cute and I can't help! [Completed]Where stories live. Discover now