16• God Damn! Alex is freaking Alpha!

6.5K 1K 97
                                    


That Omega is so cute and I can’t help Part 16

"Hey Ray!မင်းကြည့်ရတာ မြောက်ကြွမြောက်ကြွနဲ့ ဘယ်သွားမလို့လဲ''

"အာ ဒီနေ့စာသွားသင်ရမယ်လေ''

Raymus ခပ်ပြုံးပြုံးနဲ့ဖြေလိုက်တယ်။ Alex ကို သူနဲ့တွဲခွင့်ပေးမယ်လို့ ဆုံးဖြတ်လိုက်ပြီးကတည်းက Alex နဲ့တွေ့ရမယ်ဆိုရင် သူသဘောကျနေတတ်ပြီ။

ဒါပေမယ့် သူက အင်မတန်မှ ချေမိုးတတ်တဲ့ omega ပဲ၊ Alex ဘက်က တွဲပါရစေလို့ ဖွင့်မပြောတဲ့အချိန်ထိတော့ သူ့ဘက်က ရေလာမြောင်းပေး အနည်းသာလုပ်ပေးနိုင်မယ်။

အဲဒါက မင်းတို့ရဲ့ ကိုကိုလေး Raymus အများကြီး လိုက်လျောပေးထားတာပဲ။

"မင်းစာသွားသင်ရမယ် ပြောလို့ Alex ကို ဒီနေ့အတန်းထဲမှာ မတွေ့ပါလား''

"ဟုတ်တယ်ကွ သူနေမကောင်းလို့ ကျောင်းမတက်ဘူး၊ အဲ့တာကြောင့်မို့ ငါလည်း သူဘာဖြစ်နေတာလဲ သိချင်လို့

သူ့အဆောင်ပဲ လိုက်သွားပြီး မေးလိုက်တော့မယ်''

"မင်းပုံစံကြည့်ရတာ တကယ့်အတည်ကြီးပဲ''

Olivier က သူ့ကို ခေါင်းအစ အခြေအဆုံး အပြန်ပြန်အလှန်လှန်ကြည့်လို့ပြောတယ်။

"ဘယ်လိုလဲ ပြောပါဦး၊ မင်းနဲ့Alexရဲ့ အခြေအနေက တကယ်ပဲတိုးတက်နေပြီလား''

Willy ကပါ ဘေးကနေ ဝင်ပြီးမေးလာတော့ သူ့မှာ ကျေးဇူးရှင်လေးတွေကို ပြန်ဖြေပေးနေရပြန်တယ်။

"ငါမင်းတို့ကို ပြောသားပဲ၊သူက ငါ့ကို ကြိုက်နေတာပါဆို''

"အဲ့ဒီတော့ မင်းကကော သူ့ကိုပြန်ကြိုက်တာလား''

"အွန်း ဘယ်လိုပြောရမလဲ၊သေချာစဉ်းစားကြည့်လိုက်တော့လည်း သူကသိပ်မဆိုးပါဘူး၊ရုပ်ကလေးကလည်း သိပ်မဆိုးဘူး၊စာကလည်းတော်တယ်ကွာ၊အဲ့ဒီတော့ သူက ငြင်းစရာအချက် သိပ်မရှိပါဘူး''

“မင်းရဲ့စံသတ်မှတ်ချက်တွေကရော ဘယ်လိုဖြစ်သွားတာလဲ အစတုန်းကတော့ ဟိုလိုဖြစ်မှ ဒီလိုဖြစ်မှဆိုပြီးတော့”

“အခုလဲ သူက အဲဒီဟိုလိုဒီလိုတွေနဲ့ကိုက်နေတာပဲလေ။ Alex က ရုပ်လဲကြည့်ကောင်းတယ်ကွာ။ ငါ့လောက်တော့ ဘယ်ချောပါ့မလဲ။ ဒါပေမယ့် ယောကျာ်းပီသတဲ့ရုပ်ရည်မျိုးရှိတယ်ဆိုတော့ အဆင်ပြေတယ်။ ပြီးတော့ သူက ငါနဲ့ ခဏခဏကိုက်တတ်ပေမယ့် အဆုံးသတ်က ငါ့ကိုအလျှော့ပေးတာများတယ်။ စာသင်ပေးရင်လဲ စိတ်ရှည်လက်ရှည်ရှိတယ်ကွာ။ ခြုံငုံပြီးစဉ်းစားလိုက်ရင် အဆင်ပြေတယ်။ အဓိကအကျဆုံးကတော့ သူက င့ါကို ကြိတ် crush နေတာပဲ အဟဲဟဲ”

That Omega is so cute and I can't help! [Completed]Where stories live. Discover now