32• Make him mine?

6.8K 906 107
                                    


That Omega is so cute and I can’t help Part 32

မျက်နှာမသာမယာနဲ့ သူ့ဘေးမှာ ထိုင်နေတဲ့ အိုလီ့ကိုကြည့်ပြီး Raymus မှာ နှစ်လည်းမသိမ့်ရဲ နှစ်လည်းသိမ့်ချင်နဲ့ ခေါင်းကိုသာ နာနာကုတ်နေမိတယ်။

အိုလီ့ကို စိတ်ဆင်းရဲအောင် လုပ်တဲ့သူနေရာမှာ ကိုကိုကြီးမဟုတ်ပဲ တခြားသူသာဆိုရင် Raymus သွားပြီး ပြေးဆွဲထိုးလိုက်မှာမှန်ပေမယ့် ကိုယ့်အကိုကြီး ဖြစ်နေလေတော့ လမ်းပျောက်နေတာ အမှန်ပဲ။

ကိုကိုကြီးကိုလည်း တစ်သက်လုံးချစ်ကြောက်ရိုသေခဲ့ရတာမို့ ဘာမှသွားမပြောရဲဘူး။

ဒါပေမယ့် ညီအစ်ကိုအရင်းလို အရမ်းချစ်ရတဲ့ အိုလီဝမ်းနည်းပြီး စိတ်မကောင်းဖြစ်ရတာ မြင်တော့လည်း သူ့မှာ ဘာလုပ်ရမှန်း မသိပြန်ဘူး။

“အိုလီ သူငယ်ချင်းလေး အရမ်းစိတ်ညစ်နေလား”

“စိတ်မညစ်နေဘူးလို့ပြောရင် ငါလိမ်ရာကျမှာပေါ့ ဒါပေမယ့် ငါအဆင်ပြေသွားအောင်ကြိုးစားနေပါတယ်”

သက်ပြင်းရှိုက်လို့ Willy မေးခွန်းကိုပြန်ဖြေနေတဲ့သူငယ်ချင်းကိုမြင်ရတာ Raymus ရင်ထဲမှာ နည်းနည်းလေးမှအဆင်မပြေပါ။ အချစ်က လူတစ်ယောက်ကို ပျော်ရွှင်စေတယ်၊ ဝမ်းနည်းစေတယ်ဆိုတာ အမှန်ပါပဲလားလို့ အိုလီ့ကိုကြည့်ပြီး သူသံဝေဂတွေရနေမိပြီ။

ကိုကိုကြီးက သူ့ကိုမျက်နှာသာပေးနေတုန်းက ပျော်နေတဲ့အိုလီက အခုတော့ မျက်နှာလေးက ဇီးစေ့လောက်သာကျန်တော့သလို မသာမယာဖြစ်နေလေတော့ Raymus မှာ ရည်းစားထားရမလားစဉ်းစားနေမိတာလေးတွေတောင် ကြက်ပျောက်ငှက်ပျောက်။

Raymus ကလွဲရင် ယောကျာ်းတွေက မကောင်းကြဘူး၊ တစ်မအေတည်းကမွေးတဲ့ Nathaniel က သားချင်းတူရင်တောင် ကိုကိုကြီးနဲ့ ကိုလတ်တောင် မကောင်းတာကြည့်ပါလား။

ဒါပေမယ့် သူ့ရဲ့ Study Guide လေး Alex ကတော့ ပိကျိလေးကောင်းတယ်လို့ဆိုရမယ်၊ သူ့ကို ရုပ်တည်ကြီးနဲ့အလိုလိုက်တယ်လေ။

Alex အကြောင်းတွေးမိလို့ ပြုံးစိစိဖြစ်သွားတဲ့ Raymus ကို သူ့မျက်စောင်းထိုးမှာထိုင်နေတဲ့ Willy ကမြင်ပြီး မျက်စောင်းကောက်ထိုးတယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now