40•I admit I like you

7K 930 56
                                    

That Omega is so cute and I can’t help Part 40

"ဟိတ်ကောင် Willy ၊ Alexကိုတွေ့မိလား''

Raymus မနက်ကျောင်းရောက်ကတည်းက အတန်းထဲမှာ Alexကိုမတွေ့တာမို့ စာသင်ဆောင်တစ်ခုလုံးအနှံ့ Alex ကိုလိုက်ရှာခဲ့ပေမယ့် Alex ကိုရှာမတွေ့။

အဲ့တာနဲ့ စာသင်ခန်းထဲ ပြန်ဝင်လာလိုက်တော့ ထုံးစံအတိုင်းပဲ  ထိပ်ဆုံးက သူ့ရဲ့စာသင်ခုံမှာ ထိုင်ပြီး Alexဆီက Notes တွေကူးနေတဲ့ Willyကို တွေ့ရတာမို့ လှမ်းမေးလိုက်ခြင်းဖြစ်တယ်။

အိုလီကတော့ မနေ့က ကိုကိုကြီး ဘယ်လောက်ပွဲကြမ်းလိုက်တယ်မသိ၊ ကျောင်းတောင်မလာနိုင်တာမို့ သူနဲ့Willy နှစ်ယောက်တည်းပေါ့။

"Alex လား ငါလည်းမသိဘူး၊ ငါမနက်က အတန်းထဲရောက်တော့ သူနဲ့ခဏတွေ့လိုက်တာ အဲ့တာနဲ့ သူ့ဆီက Notes စာအုပ်ယူပြီးတော့ကူးနေတာ၊ သူ အခန်းပြင်ပြန်ထွက်သွားတော့တွေ့လိုက်တယ်။ ဘယ်ထွက်သွားလဲတော့ သတိမထားလိုက်မိဘူး''

"မင်းကလည်း ဘယ်နေရာမှ အသုံးမကျဘူး''

"ဪ အဖေရယ်၊ ငါကAlexကို မျက်စိတောက်ထောက်ပြီး လိုက်ကြည့်နေရအောင် Alex ရဲ့ကလေးထိန်းလည်းမဟုတ်ဘူးလေ နေပါဦး မင်းကဘာလို့ Alex ကို ရှာနေတာလဲ''

"ငါ့မှာ ကိစ္စရှိလို့ပါကွာ မင်းတို့လိုကလေးတွေ မသိဘူး၊ အဲဒါဆိုငါဟိုဘက်သွားလိုက်ဦးမယ်''

Willy ကိုထားခဲ့ပြီး Raymus စာသင်ခန်းထဲက ပြန်ထွက်လာခဲ့တယ်၊ ဒီကောင်ဘယ်များသွားနေပါလိမ့်။

တစ်နေ့က Alexသူ့အိမ်လိုက်ခဲ့ပြီး သူ့အိပ်ခန်းထဲမှာ သူတို့နှစ်ယောက် နမ်းပြီးတဲ့နောက် Alexနဲ့သူမတွေ့ဖြစ်ကြဘူး။

သူလဲ အိုလီတို့ကိစ္စနဲ့ရှုပ်နေတာရော၊ သူတို့နှစ်ယောက် ဘာမှမပြောပဲ ရုတ်တရတ်ကြီး ကောက်ကာငင်ကာ နမ်းမိကြတာမို့ ရှက်နေတာရောကြောင့် Alexကိုသူစာတွေဘာတွေတော့ မပို့ဖြစ်ဘူး။

ဒါပေမယ့် ဒီနေ့ကျောင်းတက်ရင် Alex ကိုဘယ်လိုပြောရမလဲလို့ သူစဉ်စားကြည့်ခဲ့တယ်။

သူဘာလို့ Alex ကိုနမ်းခဲ့မိသလဲဆိုတာကို သူအဖြေရှာလိုက်တော့ သူသိလိုက်တာတစ်ခုက သူ Alex ကိုသဘောကျနေမိတယ်ဆိုတာပဲ။

That Omega is so cute and I can't help! [Completed]Where stories live. Discover now