58 • Endless love

6.3K 734 33
                                    


That Omega is so cute and I can’t help Part 58

~~ဒေါက် ဒေါက်~~

"ဘယ်သူလဲ"

တံခါးလာဖွင့်မယ့်အရေးမဖွင့်သေးပဲ အထဲကနေ မေးခွန်းထုတိနေတဲ့ Alex ကို သောက်မြင်ကတ်ကတ်နဲ့ ပြန်ဖြေလိုက်မိတယ်။

"မင်းလင်ဟေ့ မင်းလင်ဟ"

ဖျတ်ခနဲပွင့်သွားတဲ့တံခါးနဲ့အတူ သူတွေ့လိုက်ရတာက ဆံပင်စုတ်ဖွားနဲ့ သူ့ရဲ့ရည်းစားဖြစ်သူ။

အခုမှနိုးတဲ့ပုံစံနဲ့ မျက်မှန်တောင်တပ်မထား၊ မျက်မှန်မပါတဲ့ မျက်ဝန်းနက်နက်လေးတွေက ဝိုင်းစက်လို့ Alex ကို ကလေးတစ်ယောက်နဲ့တောင် တူသွားစေတာမို့ သူ ပြုံးလိုက်မိသေးတယ်။

ဒီကောင် Alex က မျက်မှန်နဲ့ဆို စာဂျပိုးရုပ်ပေမယ့် မျက်မှန်တပ်မထားတဲ့အချိန်ဆိုရင်တော့ ကလေးရုပ်ကမပျောက်ချင်သေးဘူး။

ဆိုတော့ကာ ပေးချင်တဲ့မက်ဆေ့ခ်ျကတော့ သူ့ကောင်လေးက စာဂျပိုးလေးပေမယ့် ချစ်စရာကောင်းတယ်ဆိုတာပဲ။

“ဘယ်ကဘယ်လိုဖြစ်ပြီး မနက်အစောကြီးရောက်လာတာလဲ”

“ဘာလဲ ငါက ကိုယ့်ရည်းစားဆီ မနက်စောစောလာခွင့်မရှိဘူးလား။ အဲလို ဥပဒေ ထုတ်ထားလို့လား”

Alex ရဲ့အဆောင်ခန်းထဲသို့ သက်တောင့်သက်သာဝင်လာခဲ့ရင်း သူပြောလိုက်တယ်။ ဒီအဆောင်ခန်းက Alex ရဲ့အခန်းဆိုပေမယ့် သူ့အဆောင်ခန်းနီးနီးပါပဲ။ နေရာတိုင်းမှာ သူ့လက်သူ့ခြေတွေချည်း။ အခန်းသန့်ရှင်းရေးလုပ်ပေးတာ၊ ဟင်းချက်ကျွေးတာမထင်ပါနဲ့။ ကြုံရာနေရာမှာ သူထိုးအိပ်တတ်ပြီး Alex ချက်ကျွေးသမျှတွေကို သူက စားတာပါ။

“မင်းကလဲကွာ .. ငါက အထူးအဆန်းဖြစ်လို့ မေးတဲ့ဟာကို စိတ်မဆိုးပါနဲ့”

“ရှိစေတော့ ရှိစေတော့။ မင်းက အခုမှနိုးတာလား။ ခါတိုင်းမနက်စောစောထပြီး ပြေးနေကြမဟုတ်လား”

“အင်း ညက term paper အတွက် research လုပ်ရင်းနဲ့ ညနက်သွားလို့”

“မင်းကတော့ စာလုပ်ရင်းသေမယ့်ကောင်”

“မနက်စောစောစီးစီးကွာ..”

သူနှာခေါင်းရှုံ့ပြလိုက်ကာ ညည်းညူလိုက်ရင်း လက်တွေကတော့ ထိုင်နေတဲ့ Raymus ရဲ့ပုခုံးတွေဆီရောက်လို့သွားတယ်။ ဘယ်လိုလုပ်ရောက်လာသလဲသာမေးတာပါ။ တကယ်တော့ အဲဒီလိုရောက်လာတာကိုပဲ သူကပျော်နေရတာ။

That Omega is so cute and I can't help! [Completed]Where stories live. Discover now