60• Love is all you need 💛

12.3K 842 90
                                    

"လွမ်းလိုက်တာRayရာ''

ဖုန်းထဲမှာခပ်တိုးတိုးကြားရတဲ့ Alexရဲ့အသံခပ်ရှရှကြောင့် Raymusကိုယ်တိုင်လည်း လွမ်းတဲ့စိတ်တွေတိုးလို့လာတယ်။

သူနဲ့Alexနဲ့ကောင်းကောင်းမတွေ့ဖြစ်တာ တစ်ပတ်နီးပါးရှိရောပေါ့။ကိုလတ်ရဲ့မဂင်္လာကိစ္စကြောင့် သူရောအိုလီရောအလုပ်များနေကြတယ်။

ကိုကိုကြီးကထုံးစံတိုင်း သူ့အလုပ်နဲ့သူရှုပ်နေတော့ သူနဲ့အိုလီပဲ လိုအပ်တာတွေဝိုင်းကူပြီး လုပ်နေရတာပေါ့။

အဲ့ဒီအပြင် Alexရဲ့ညီဝမ်းကွဲလေးတစ်ယောက်ကလည်း ဒီမြို့မှာကျောင်းလာတက်ဖို့အတွက် လိုအပ်တာတွေလာစုံစမ်းတာမို့ Alexရဲ့အဆောင်မှာ သုံးလေးရက်လောက် လာနေတယ်။

အဲ့တာကြောင့် သူAlexရဲ့အဆောင်ကိုလည်း မရောက်ဖြစ်ဘူး။

Alexရဲ့မိဘတွေက သူနဲ့ကြိုက်နေတဲ့အကြောင်းကို အရိပ်အမြွက်သိတယ်ဆိုပေမယ့်လည်း Alexရဲ့ညီက ညီအရင်းလဲမဟုတ်သလို သူနဲ့လည်းမရင်းနှီးတဲ့သူမို့ Raymusက Alexအဆောင်ကိုမသွားချင်ဘူးလေ။

သူကနဂိုကတည်းက လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးသိပ်အဆင်မပြေတာမို့ Alexရဲ့ညီဝမ်းကွဲလေးနဲ့လည်းမတော်တဆအဆင်မပြေရင် Alexမိဘတွေဆီကို သူကဆက်ဆံရေးမကောင်းဘူးလို့ ပြန်ပြီးနားပေါက်သွားမှာစိုးရိမ်နေတာကြောင့် သူAlexဆီမရောက်ဖြစ်ခဲ့တာ။

စာမေးပွဲကြီးကလည်းနီးပြီမို့ အခုရက်ပိုင်းက Private studyလုပ်နေရတာနဲ့ ကျောင်းလဲသွားစရာမလိုဘူး။
အဲ့တာကြောင့်ပဲ နှစ်ယောက်သားအားတဲ့အချိန် ဖုန်းလေးပြောလိုက် Video callလေးပြောလိုက်နဲ့ လွမ်းနေကြရတာ။

"Ray ကိုယ်ပြောနေတာကြားလားလို့၊ အရမ်းလွမ်းတယ်''

"ငါလည်းလွမ်းတာပဲAlexရဲ့ မင်းနဲ့ငါနဲ့ကောင်းကောင်းမတွေ့ရတာ တစ်ပတ်လောက်တောင်ရှိပြီပေါ့''

"အဲ့တာကြောင့် အဆောင်ကိုလာခဲ့ပါလို့ပြောသားပဲ''

"ဟာ မင်းညီရှိတာကိုမလာချင်ပါဘူး''

"ကိုယ့်ညီက ဒီညနေပြန်သွားတယ်လေကွာ''

"ညနေက ကိုလတ်မဂင်္လာဆောင်ကိစ္စနဲ့ Hotelကိုခနသွားနေရသေးတာကို ''

That Omega is so cute and I can't help! [Completed]Where stories live. Discover now