42• Is X-Ray cp is real?

6.6K 886 30
                                    


That Omega is so cute and I can’t help Part 42

Alex တို့ကျောင်းဖွင့်တာ လေးလကျော်ရှိပြီမို့ အခုကာလက First semester ရဲ့ Assignment တွေတင်ရတဲ့ ကာလဖြစ်တယ်။

စာကြိုးစားတဲ့ကျောင်းသားပီပီ အခုလိုအချိန်မျိုးက Alex အတွက်အလုပ်များတဲ့ အချိန်ပေါ့။ Assignment တိုင်းကို grade ကောင်းကောင်းရဖို့လိုတဲ့သူ့အတွက် ဒီအချိန်ကစာအုပ်နဲ့မျက်နှာမခွာရမယ့်အချိန်ဆိုပေမယ့် Raymus ကတော့ စာလုပ်ဖို့ကို မနည်းကိုဆော်ဩနေရပြီး အချိန်ရှိသရွေ့ ဂိမ်းဆော့လိုက် အိပ်လိုက်နဲ့ အလုပ်များနေတယ်။

အခုလည်း Alex မှာ Group Assignmentရှိတာမို့ အတန်းထဲက ကျောင်းသားတစ်ချို့နဲ့ စာလုပ်ဖို့အတွက် စာသင်ခန်းအလွတ်တစ်ခုမှာ ဆွေးနွေးတိုင်ပင်နေကြတာ။

Assignmemt တွေက အဖွဲ့နဲ့လုပ်ရတဲ့ Group Assignment တွေရှိသလို တစ်ယောက်ထဲလုပ်ရတဲ့ Assignment တွေလည်း ရှိတယ်။ ဘာသာရပ်အသီးသီးကဆရာမတွေက Group တွေခွဲပေးတာမတူတာမို့ ဒီဘာသာရပ်အတွက် Group Assignment မှာ Alex နဲ့Raymus က အဖွဲ့မတူကြပေ။

"ဒါနဲ့ဒီနေ့ Alexတစ်ယောက်တည်းပါလား၊ Raymusရော မပါဘူးလား''

စာအတူလုပ်တဲ့ အတန်းထဲကကျောင်းသားက Alex ကိုမေးတာမို့ Alex လည်း စာရေးနေရာကနေ ပြန်ဖြေလိုက်တယ်။

"သူလည်း သူ့ဟာသူစာလုပ်နေမှာပေါ့၊ သူနဲ့ငါတို့နဲ့က Groupမှမတူတာ''

"Groupမတူလည်း ခါတိုင်းမင်းတို့နှစ်ယောက်က တပူးတွဲတွဲနဲ့ရှိနေလို့လေ၊ အဲ့တာကြောင့်ငါက မေးကြည့်တာ''

"သူ့ဟာနဲ့သူရှိမှာပေါ့ကွာ ငါကသူ့ကိုလိုက်ကြည့်နေတာမှမဟုတ်တာ''

"ဟဲဟဲ Alexကလည်း ဒါလေးမေးတာကို ဘာလို့စိတ်ဆိုးနေတာလဲ''

"စိတ်မဆိုးပါဘူး ငါကဒီတိုင်းပဲပြောပြတဲ့ဟာကို''

အမှန်ကတော့ Alex စိတ်ဆိုးနေတာပဲ၊ သူစာလုပ်နေတဲ့အချိန်မှာ အဲ့ဒီလိုစကားလာပြောနေရင် သူအရမ်းဒေါသထွက်တာ။

ဒါပေမယ့် Raymusကတော့ ချွင်းချက်ပေါ့၊ Raymusဆိုတဲ့ကောင်စုတ်ကလေးက စိတ်ဆိုးလည်း စကားလာမပြောနဲ့ဆိုလည်း ပြောလို့ရတဲ့ဟာလေးမှ မဟုတ်တာ။

That Omega is so cute and I can't help! [Completed]Where stories live. Discover now