51 • I can't control anymore

7.3K 851 47
                                    


That Omega is so cute and I can’t help Part 51

Sam ဒီနေ့ ရုံးမတက်နိုင်ဘူး၊ Sam တို့လို Omega တွေက ပုံမှန်အားဖြင့် Heat ဝင်တယ်ဆိုတာ တစ်လတစ်ခါလောက်ဖြစ်နေကြမို့ အထူးအဆန်းမဟုတ်ပေမယ့် ဒီတစ်ခေါက်တော့ Sam က ပုံမှန်Heat ဝင်ရမယ့်ရက်ထက်ကို စောပြီး Heat ဝင်သွားတယ်။

Mateမရှိတဲ့ Omegaတွေအတွက် Heatဝင်တဲ့အချိန်ဆိုရင် လူကြားထဲသွားလို့ ဘယ်လိုမှ အဆင်မပြေဘူး။

Omegaတွေဆီကထွက်တဲ့ Omega pheromonesနံ့က ဘေးပတ်ဝန်းကျင်မှာရှိတဲ့ Alphaတွေကို ကောင်းကောင်းကြီး ဒုက္ခပေးလေ့ရှိပြီး အဲ့ဒီOmega Pheromonesတွေရတဲ့ Alphaတွေကလည်း သူတို့ရဲ့လိင်စိတ်ကို မထိန်းချုပ်နိုင်ပဲနဲ့ Heatဝင်နေတဲ့Omegaကို အသည်းအသန်လိုက်ရှာပြီး လိင်ဆက်ဆံဖို့ကြိုးစားတတ်ကြတယ်။

အဲ့တာကြောင့် Mateမရှိတဲ့ Omegaတွေအနေနဲ့ Heatဝင်မယ့်အချိန်မျိုးကို ကြိုတင်တွက်ချက်ပြီး Heatထိန်းချုပ်ဆေးကို အသုံးပြုဖို့လိုအပ်တယ်။

အဲ့ဒီလိုမဟုတ်ပဲ Mate ရှိတဲ့ Omegaဆိုရင်တော့ Heatဝင်တဲ့အချိန်မျိုးမှာ ထိန်းချုပ်ဆေးမသုံးတော့ပဲ သူတို့ရဲ့Alphaနဲ့ အိပ်ယာပေါ်မှာ အချိန်ဖြုန်းလေ့ရှိတယ်။ လိင်

Samကတော့ ဘယ်သူနဲ့မှမတူတဲ့ အခြေအနေလို့ပြောရမှာပဲ။

သူ့မှာ Alphaတစ်ယောက် Mateအဖြစ်နဲ့ရှိပေမယ့် အဲ့ဒီAlphaက သူ့ကိုယ်သူတောင် Samရဲ့Mateမှန်း သတိမထားမိဘူး။

သူ့ကို Nicholasက သူ့ရဲ့လည်ပင်းကို ကိုက်ပြီး markပေးခဲ့တဲ့အချိန်တုန်းက Nicholasကတော်တော်လေး မူးနေတာမို့ သူ့ကိုယ်သူ Markပေးမိတယ် ဆိုတာကို သေချာသိပုံမရဘူး။

သူသာသိရင် အံ့သြတုန်လှုပ်သွားမလားဆိုတာကို Sam တွေးမိတာမို့ သူ့မှာပြောပြဖို့ရည်ရွယ်ချက်ရှိပေမယ့် အချိန်ခဏဆွဲနေမိခဲ့တယ်။

အဲ့ဒီအဖြစ်အပျက်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်လမ်းခွဲဖို့ဖြစ်လာခဲ့တော့ Samလည်းNicholadကို မပြောဖြစ်လိုက်တော့ဘူး။

အဲ့ဒီအခြင်းအရာက မကောင်းဘူးလားဆိုတော့လည်း မဟုတ်ပြန်။ သူ့မှာ Mate ရှိသွားတဲ့အတွက် Heat ဝင်တဲ့အချိန်တော်တော်များများကိုသူအဆင်ပြေပြေနဲ့ ကျော်ဖြတ်နိုင်တယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now