33• Let him go~

6.8K 915 70
                                    


That Omega is so cute and I can't help Part 33

Samတစ်ယောက် အလုပ်လုပ်နေရင်း Anna ဆီက ဖုန်းဝင်လာတာမို့ ကောက်ကိုင်လိုက်ချိန် ကြားတဲ့စကားတွေကြောင့် ဒေါသတွေ အလိပ်လိုက် ထွက်သွားမိတယ်။

Nicholas က သူ့သားကို အတင်းလာခေါ်သွားပါတယ်တဲ့။

မထည့်ပေးရင် ဘာလုပ်မယ် ညာလုပ်မယ်နဲ့ Anna ကို ခြိမ်းခြောက်သွားတာမို့ Anna က ကြောက်ပြီး ထည့်ပေးလိုက်ရတယ်တဲ့။

Anna ကို Sam အပြစ်တင်ချင်ပေမယ့်လည်း မိန်းမသားတစ်ယောက်တည်းဆိုတော့ Annaလည်း ကြောက်မှာပဲဆိုတာ သူတွေးမိပါတာမို့ မဆူမိတော့ပေ။ ပြီးတော့လည်း Nicholas က Nixon လေးအဖေပဲဆိုတာ Annaက သိထားတာမို့ ဘာမှမဖြစ်လောက်ပါဘူး ဆိုတဲ့သဘောနဲ့ ထည့်ပေးလိုက်တာ ဖြစ်မှာပေါ့လေ။လကိုယ့်သားလေးက ပါသွားပြီမို့ အခုနေ ဆူနေလည်း ဘာမှထူးတော့မည်မဟုတ်။

ဒါပေမယ့် Sam မှာသာ သားကို Nicholas နဲ့ မတွေ့စေချင်တဲ့ စိတ်ရှိနေတာမို့ ဒေါသတွေ တနုံ့နုံ့ထွက်နေမိတာဖြစ်လေသည်။

ခုနက ခပ်ပြုံးပြုံးနဲ့ ရုံးကနေထွက်သွားတာ ကိုယ့်သားဆီ သွားတာသိရင် Sam က သူ့ကို အတင်းလှမ်းဆွဲလိုက်မှာပေါ့။

အခုတော့ ဘယ်ကိုခေါ်သွားတာလဲမသိ ဘာလဲမသိမို့ Nicholas ကို ဖုန်းခေါ်လိုက်တယ်။ သူအစိုးရိမ်ဆုံးက သူ့သားလေးကို သူ့ဘဝထဲက အပြီးအပိုင်ဆွဲခေါ်ထုတ်သွားမှာကိုပင်။

တရားဥပဒေကြောင်းအရ Nicholas မှာ အဲဒီလိုလုပ်ပိုင်ခွင့်မျိုးရှိမနေဘူးဆိုပေမယ့် Nicholas က ဘယ်လောက်ထိဆိုးလဲဆိုတာ အကြောင်းသိသူမို့ သူတစ်မျိုးတစ်မည် မဟုတ်တာလုပ်မှာကိုတော့ သူကြောက်မိတာအမှန်ပါပဲ။

Nicholas က Samရဲ့ ဖုန်းကိုတော်တော်နဲ့ ပြန်မဖြေဘူး၊ စိတ်ပျက်ဖို့ကောင်းလောက်အောင် လေး ငါးခါလောက် ဆက်တိုက်ခေါ်နေပြီးတဲ့ နောက်မှာတော့ Nicholas က ပြာယိပြာယာအသံနဲ့ ဖုန်းပြန်ဖြေလာတယ်။

"Nicholas ခင်ဗျား ကျွန်တော့်သားကို ဘယ်ခေါ်သွားတာလဲ''

Sam အသံက ကလေးကို စိတ်ပူလွန်းစွာနဲ့ တုန်တောင်တုန်နေမလားပဲ။ သူ့ဘဝမှာ သူ့သားလေးက အရေးကြီးဆုံးမို့ သူ့သားလေး တစ်ခုခု ထိခိုက်ပွန်းပဲ့ဖြစ်သွားမှာကို သူဘယ်လိုမှ လက်မခံနိုင်တာမို့ သူ့မှာ စိုးရိမ်တကြီးဖြစ်နေခဲ့တာ။

That Omega is so cute and I can't help! [Completed]Where stories live. Discover now