59 • Luckiest person in the world

6.5K 747 82
                                    

Nicholasတစ်ယောက် Samနဲ့အတူမဂင်္လာပွဲမှာဝတ်ဖို့အတွက် မဂ်လာဝတ်စုံလာကြည့်ရင်း စိတ်တွေလှုပ်ရှားလို့နေတယ်။

Nicholasလိုလူတစ်ယောက်က မဂ်လာပွဲမှာဝတ်မယ့်ဝတ်စုံလေး လာကြည့်ဖို့အတွက် ရင်ခုန်စိတ်လှုပ်ရှားနေတယ်ဆိုတာ ဖြစ်သင့်လို့လား။

ဒါပေမယ့် တကယ်လက်တွေ့မှာဖြစ်နေခဲ့ပြီ၊ အဲ့ဒါကလည်း သူလက်ထပ်ရမယ့်သူ့ရဲ့Omega Samကြောင့်ပါပဲ။

Samက လက်ထပ်ဖို့အတွက်ခေါင်းညိမ့်လိုက်တာတောင်မှ သူကဒါတစ်ကယ်ဖြစ်ပျက်နေတာလို့ မယုံနိုင်သေးဘူး။

ဘာဖြစ်လို့လဲဆိုတော့ Samကသူ့ကိုအကြိမ်ပေါင်းများစွာ ငြင်းခဲ့တာမဟုတ်လား။

အရမ်းဖြစ်ချင်နေတဲ့ဆန္ဒက တကယ်ပဲဖြစ်လာခဲ့တဲ့အချိန်မှာတော့ Nicholasတစ်ယောက် တကယ်မှဟုတ်ရဲ့လားလို့ မယုံကြည်နိုင်ဖြစ်မိတာ ဆန်းတော့မဆန်းပါ။

သူတို့နှစ်ယောက် ဆိုင်ထဲကိုဝင်သွားလိုက်တော့ ဆိုင်ထဲကဝန်ထမ်း​​ ကောင်မလေးတစ်ယောက်က အပြေးအလွှားထွက်ကြိုတယ်။

"မဂ်လာပါရှင့် ဒီက Mr. Nicholasထင်တယ်နော်''

"ဟုတ်ပါတယ်''

သူမကြာခင် မင်္ဂလာဆောင်မှာမို့ မင်္ဂလာဝတ်စုံလာကြည့်မယ်လို့ ဒီဆိုင်ပိုင်ရှင်ကို ကြိုပြီးပြောထားတာ​ကြောင့် ဆိုင်ကဝန်ထမ်းက အပြေးအလွှားနဲ့သူ့ကိုလာကြိုတာဖြစ်ပုံရတယ်။

သူတို့မိသားစုအရှိန်အဝါကြောင့် ဝန်ထမ်းတွေက အဆင်မပြေတစ်ခုခုဖြစ်မှာကို စိုးရိမ်နေတယ်ဆိုတာ အသိသာကြီးပဲ။

"ကြွပါရှင့် မနက်ကပဲကျွန်မတို့သူဌေးက Mr. Nicholasလာမယ်ဆိုတာကို ကြိုတင်အကြောင်းကြားထားပါတယ်၊ လိုအပ်တာမှန်သမျှပြောပါနော် ကျွန်မတို့အကောင်းဆုံးဝန်ဆောင်မှုပေးပါ့မယ်ရှင့်''

ဝန်ထမ်းမင်းသမီးရဲ့အပြောကို ခေါင်းညိမ့်လိုက်ပြီး အနောက်ကဝင်လာမယ့်Samကို စောင့်နေလိုက်တယ်။

နှစ်ယောက်အတူ ဆိုင်ထဲဝင်လာခါနီးမှ Samကိုရုံးကဝန်ထမ်းတစ်ယောက်က ဖုန်းခေါ်တာမို့ Samကဖုန်းပြောရင်း အပြင်မှာခဏကျန်ခဲ့တယ်လေ။

That Omega is so cute and I can't help! [Completed]Where stories live. Discover now