44• What should I do if i fall in love

6.7K 888 68
                                    


That Omega is so cute and I can't help Part 44
Raymus ကို သွားချော့ဖို့ ချီတုံချတုံဖြစ်နေတဲ့ Alexက သူတကယ်ချော့ချင်တယ်ဆိုတဲ့ အချိန်ကျမှ Raymusကိုမတွေ့ရတော့ဘူး။

သူတွေးထားတာက ဒီနေ့ညနေ အတန်းပြီးရင် ဘောလုံးလေ့ကျင့်ရေး ရှိတာမို့ လေ့ကျင့်ရေးပြီးလို့ အပြန်Raymus သူ့အဆောင်မှာ စာလိုက်လုပ်ဖို့ပြောပြီး အဆောင်ရောက်ခါမှ အေးအေးဆေးဆေး အဆင်ပြေအောင်ချော့မော့မယ်လို့ စဉ်းစားထားခဲ့တာ၊ ဒါပေမယ့် Raymus ကဘောလုံးလေ့ကျင့်ရေးကိုရောက်မလာဘူး။

ဘာလို့မလာတာလဲလို့ ဖုန်းဆက်မေးပစ်ချင်ပေမယ့် ဂိမ်းဆော့တဲ့အချိန်မဟုတ်ရင် သူ့ဖုန်းကဘယ်နားရောက်လို့ရောက်နေမှန်း မသိတတ်တဲ့Raymus က Alexရဲ့ဖုန်းကိုလည်း ပြန်ဖြေချင်မှဖြေမယ်ဆိုတာ အကြောင်းသိနေတာမို့ ဖုန်းလဲမဆက်ဖြစ်။

အခုတလော assignment တွေကလဲရှိတာရော၊ သူတို့နှစ်ယောက် ပိုရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခဲ့ပြီးတာရောကြောင့် Raymus ကသူ့နားမှာ အမြဲကပ်နေတာများခဲ့တယ်။ သူငယ်ချင်းတွေစကြသလိုပဲ သူတို့နှစ်ယောက်ခွဲတယ်လို့တောင်သိပ်မရှိခဲ့ဘူး။

အခုလိုမျိုးသူ့ကို စိတ်ဆိုးပြီး Raymus ရောက်မလာဘူးဆိုတာ သိတော့သူမနေတတ်မထိုင်တတ်ဖြစ်မိတယ်။ ပုံမှန်အချိန် အကြောင်းတစ်ခုခုကြောင့် Raymus က ရောက်မလာတာမျိုးဆိုရင်တော့ သူဘာမှကြီးကြီးကျယ်ကျယ်ခံစားမိမှာ မဟုတ်ဘူးပေါ့။

တစ်ခါတစ်လေ Raymus က မအားလို့ ကျောင်းမလာတာ၊ လေ့ကျင့်ရေးမလာတာမျိုးတွေ ရှိတတ်တာပဲ။

ဒါပေမယ့် အခုက Raymus ကသူ့ကို စိတ်ဆိုးသွားတယ်လေ၊ သူ Raymusကို ကြိုက်မယ့်အစား တခြားသူကိုကြိုက်မယ်တို့၊ သူဂေးမဟုတ်ဘူးတို့ ပြောတာကို Raymus ကကြားသွားတယ်လေ၊ အဲ့ဒီတော့ Alex စိတ်မပူပဲ နေပါ့မလား။

ဘောလုံးကွင်းကမြက်ခင်းပြင်ပေါ်မှာ အပြေးအလွှားနဲ့ရယ်မောနေတတ်တဲ့ Raymusကို မမြင်ရတာAlex အတွက် တော်တော်ကြီးမားတဲ့ လစ်ဟာမှုဆိုတာကို Alex ကိုယ်တွေ့ကြုံမှပဲ သိလိုက်ရတော့တယ်။

လူတွေကဒီလိုပဲ၊ မျက်စိရှေ့မှာမြင်နေရတုန်းကတော့ ဒီအရာက ကိုယ့်ကိုတကယ်ပျော်ရွှင်စေတဲ့ အရာ၊ ကိုယ့်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့အရာဆိုတာကိုသတိမမူလိုက်မိပဲဖြစ်တတ်တယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now