22• First Encounter with Baby Sam!

6.6K 964 77
                                    


That Omega is so cute and I can’t help Part 22

"ဆရာ Louis က ကျောင်းမလာဘူးလား''

Ben သူ့ရဲ့ Drama clubက လေ့ကျင့်ဖော်သူငယ်ချင်း Jimmy ကို မေးလိုက်တယ်။

"အေး ဟုတ်တယ်ကွ အရင်တစ်ပတ်ကလည်း မတွေ့ဘူးနော်၊နေများမကောင်းတာလား''

သူ့ဟာနဲ့သူဆိုရင် နေမကောင်းတာလားလို့ မတွေးမိပေမယ့် အခုတော့ လေ့ကျင့်ဖော်သူငယ်ချင်း Jimmy ရဲ့ အပြောကြောင့် Louis နေမကောင်းတာလားလို့ Ben စိတ်ပူသွားတယ်။

ခက်တာက သူတို့နှစ်ယောက်က Drama clubက ဆရာနဲ့ ကျောင်းသားဆိုတဲ့ ပတ်သတ်မှုက လွဲလို့ တခြားပတ်သတ်မှုမရှိသေးဘူး။

သူက Louis နဲ့ နီးစပ်အောင် စကားသွားပြောဖို့ ကြိုစားပေမယ့် Louis က သူနဲ့တွေ့ရင် အမြဲတမ်း သရဲသဘတ်နဲ့တွေ့သလို ရှောင်ပြေးတတ်တာမို့ အခုချိန်ထိ သူတို့နှစ်ယောက်က ရင်းနှီးတဲ့ အနေအထားမရှိသေးဘူး။

ပိုဆိုးတာက Drama Clubမှာ သွားပြီး လေ့ကျင့်တယ်ဆိုတာက အတန်းတက်သလို နေ့တိုင်းသွားရတာ မဟုတ်ဘူးလေ။

တစ်ပတ်မှာ တစ်ရက်နှစ်ရက်ပဲ သွားရတာဆိုတော့ သူတို့နှစ်ယောက်က ခဏခဏတွေ့ဖို့ အခွင့်အရေးလဲ မရှိဘူး။

အခုဆိုရင် သူ Louis ကို မတွေ့ရတာ နှစ်ပတ်ရှိပြီ၊အရင်တစ်ပတ်ကသူ Drama clubကို လေ့ကျင့်ရေးလာတုန်းကလဲ Louis ကို မတွေ့ရဘူး။

အဲ့ဒီတုန်းကတော့ အကြောင်းတစ်ခုခုရှိလို့ မတွေ့ဖြစ်ဘူးလို့ပဲ သူထင်နေတာ။

အခု မတွေ့တာနှစ်ပတ်ဆိုတော့ သူ့ရဲ့လေ့ကျင့်ဖော်ပြောသလို နေမကောင်းတာလဲ ဖြစ်နိုင်တာပဲ။

Louis ကိုဆက်သွယ်ဖို့ ဖုန်းနံပါတ်လဲ သူ့မှာမရှိ ၊ ဘယ်မှာနေလဲ ဆိုတဲ့လိပ်စာလည်း သူ့မှာမရှိတာမို့ ဒုတိယဥက္ကဌကို မေးမယ်ဆိုပြီး လိုက်ရှာတော့ ဒုတိယဥက္ကဌကို မတွေ့ရဘူး။

အဲ့ဒါကြောင့် ကျောင်းကောင်စီဘက်ကို သူလျှောက်လာခဲ့တယ်။

ကျောင်းကောင်စီကတော့ ဆရာတွေရဲ့ လိပ်စာရှိမှာပဲလေ။

ကျောင်းကောင်စီက စာရေးလေးက သူ့ကိုမြင်တော့ အလန့်တကြား မော့ကြည့်တယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now