9• What a coincidence!

6.9K 1K 49
                                    


That Omega is so cute and I can’t help Part 9

“Ladies and gentlemen, welcome to T Capital International Airport. Local time is 9:00am and the temperature is 15 °C, For your safety and comfort, please remain seated with your seat belt fastened until the Captain turns off the Fasten Seat Belt sign”

လေယာဉ်မှူးရဲ့ကြော်ငြာသံကြောင့် Nicholas တစ်ယောက်ဘေးမှာထိုင်နေတဲ့အမျိုးသမီးလေးနဲ့ စကားပြောရာမှ ကိုယ်ကို မတ်လိုက်ကာ ခါးပတ်လဲပြန်တပ်လိုက်တယ်။ လေယာဉ်ပေါ်မှာအကြာကြီးထိုင်နေရတာကြောင့် သူခါးပတ်ကို ဖြုတ်ထားခဲ့မိတာပဲ။

ဘေးက အမျိုးသမီးငယ်လေးကလဲ ပိုက်ဆံအိတ်ထဲမှ မှန်ကိုထုတ်ပြီး မိတ်ကပ်ခပ်ပါးပါးပုတ်နေလေတယ်။

Nicholas ကတော့ ယောကျာ်းလေးတစ်ယောက်မို့ သိပ်ပြင်ဆင်စရာမလိုတာမို့ ခပ်ပွပွဖြစ်နေလောက်တဲ့ ဆံပင်ကို လက်နဲ့ အသာအယာသပ်လိုက်တယ်။

အချိန်အကြာကြီးလေယာဉ်စီးလာရပေမယ့် ဘေးနားက အချောလေးကြောင့် Nicholas မှာ ပျင်းဖို့အချိန်တောင်မရှိလိုက်ချေ။

Nicholas တို့များကံကောင်းချင်တော့ ပူပူနွေးနွေးရည်းစားလေးကိုဖြတ်ပြီး ကိုယ့်မွေးရပ်မြေပြန်ခဲ့တာတောင် ရေကန်အသင့် ကြာအသင့်နဲ့ အပြန်ခရီးမှာ အချောအလှလေးနဲ့ ဆုံရသေးသည်။

လေယာဉ်ပေါ်ရောက်ရောက်ချင်းတုန်းကတော့ နည်းနည်းမျက်နှာတည်နေတဲ့မိန်းကလေးကလဲ သူ့ဆီက alpha pheromones တွေ အနည်းငယ်ထုတ်လွှတ်ပေးလိုက်တာနဲ့ ချက်ချင်းအမူအရာပြောင်းကာ သူ့ကိုညွှတ်ဆင်းတော့တာပဲ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တဲ့ Nicholas က လူတစ်ယောက် ကိုယ့်အပေါ် သဘောကျကြွေကျလာအောင် လုပ်ဖို့အတွက် နည်းနည်းလေးမှ မခဲယဉ်းပါ။ သူ့အနေနဲ့ alpha pheromones တွေမထုတ်လွှတ်ဘူးဆိုရင်တောင် သူ့ရုပ်ရည်ကိုပဲ သဘောတကျရှိလှကာ ပက်သက်ချင်လှသူတွေက ဒုနဲ့ဒေး။

သူ့ဘက်က နည်းနည်းများ alpha pheromones တွေထုတ်လွှတ်လိုက်မိပြီဆိုရင်တော့omega ကျားရော၊ မတွေရော သူမှသူ တန်းတန်းစွဖြစ်ကုန်ကြတဲ့အထိ သူ့ရဲ့ pheromones ရနံ့က ဆွဲဆောင်မှုရှိလှသည်။

“ဒို့ကို ဆက်ဆက်ဖုန်းဆက်ဖို့မမေ့နဲ့နော်”

ဘေးနားမှာထိုင်နေတဲ့မိန်းကလေး ထိုသို့ပြောလာတာမို့ Nicholas လဲ သူမရဲ့ လက်ဖမိုးပေါ် သူ့လောက်ကို အုပ်ကိုင်လို့ ခပ်တိုးတိုးပြောလိုက်တယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now