39• I love you

7.1K 959 50
                                    


That Omega is so cute and I can’t help Part 39

Nicholas နဲ့ လက်ထပ်ဖို့အတွက် ဥက္ကဌကြီးက Sam ကို ခေါ်ပြောပြီးတဲ့နောက် Sam မှာ ဖြစ်နိုင်ရင် ရုံးတောင်သွားမတက်ချင်။

ဒါပေမယ့် ဒီရက်ပိုင်းက Samတို့ Marketingဌာနရဲ့ အရမ်းအလုပ်များတဲ့ ရက်တွေထဲကတစ်ရက်ပဲ။

Samတို့Cmpanyက ကားအသစ်တစ်စီး Product launch လုပ်ဖို့အတွက် နောက်လာမယ့်ရက်အနည်းငယ် အတွင်းမှာ ပွဲလုပ်ဖို့်ရှိတာကြောင့် သူတို့ Marketing ဌာနက အရမ်းအလုပ်များနေတယ်။

ပွဲနဲ့ပတ်သတ်ပြီး စီစဉ်စရာရှိတာ စီစဉ်ရတာနဲ့၊ Media သမားတွေကို ဖိတ်ကြားရတာနဲ့၊ ပွဲကို လူတွေစိတ်ဝင်စားအောင် ကြော်ငြာတွေထည့်ရတာနဲ့ သူတို့ဌာန အလုပ်အများဆုံးကာလ ဆိုရင်လည်း မမှားဘူး။

အဲ့တာကြောင့် Sam မှာ Nicholas ကို မမြင်ချင်ပေမယ့်လည်း အလုပ်ကနေ ခွင့်ယူလို့မဖြစ်။

တတ်နိုင်သမျှ Nicholasနဲ့ နှစ်ယောက်ထဲ မဆုံဖြစ်အောင် ရှောင်ပြီး Samအလုပ်ကိုပဲ ဖိလုပ်နေရတယ်။

Nicholas ကလည်း Sam ကို ကျားချောင်းချောင်းနေတယ်လို့ Sam ခံစားရတယ်။

Nicholas နဲ့ အကြည့်ချင်းဆုံတိုင်း သူ့မှာမရရအောင် အကြည့်လွှဲပြီး ထွက်ပြေးခဲ့ရတဲ့ အကြိမ်လည်းမနည်းတော့ဘူး။

အခုလည်း ပွဲနေ့ကျရင် ဒီ Productအကြောင်းနဲ့ပက်သက်ပြီး မီဒီယာသမားတွေမေးမယ့် အင်တာဗျူးမေးခွန်းတွေနဲ့ အဖြေတွေကို Nicholasဆီကို သွားတင်ပေးရဖို့ရှိပေမယ့် Samကိုယ်တိုင်မသွားချင်တာကြောင့် ဘယ်သူ့ကို ခိုင်းရမလဲလို့ အကြံထုတ်နေမိတယ်။

ဒါပေမယ့်လည်း သူကိုယ်တိုင်ပဲ သွားရမှာပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ Nicholasရဲ့ အတွင်းရေးမှူးက သူဖြစ်နေတာကို။

အင်တာဗျူးမေးခွန်းတွေပါတဲ့ ဖိုင်လ်လေးကို လက်မှာကိုင်ပြီး Sam၊ Nicholasအခန်းထဲကို ခပ်သွက်သွက်ဝင်လာလိုက်တယ်။

"သန်ဘက်ခါ product launch မှာ အင်တာဗျူးမေးမယ့် မေးခွန်းတွေနဲ့ အဖြေတွေကို လာပို့ပေးတာပါ''

ဖိုင်လ်တွဲကို Nicholas ရဲ့ စားပွဲပေါ်တင်ပြီး Samချက်ချင်းပြန်လှည့်ထွက်ဖို့ ကျောလှည့်လိုက်ပေမယ့် Nicholas က ခပ်မြန်မြန်ပဲ ထိုင်နေရာကထပြီး Sam ရဲ့ လက်ကို လှမ်းဆွဲတယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now