27• Please don't lie!

6.4K 942 62
                                    


That Omega is so cute and I can’t help Part 27

"ခင်များက အခန်းနံပါတ်၈၀၅က ကလေးကို ကုပေးတဲ့ဆရာဝန်လား''

Nicholas လူနာအခန်းထဲကထွက်လိုက်ပြီး ဒီအထပ်ရဲ့ floor information desk ရှိရာကိုလျှောက်သွားလိုက်ကာ တွေ့တဲ့ဆရာဝန်တစ်ယောက်ကိုမေးလိုက်တယ်။

Nicholas အသံခပ်မာမာနဲ့ ဆရာဝန်ကိုမေးတော့ ဆရာဝန်က Nicholasကို ဘုရှိုးရှိုးတယ်။

"ဟုတ်တယ် ဘာကိစ္စရှိလို့လဲ''

ရောင်းသူဝယ်သူ အသံတူစွာနဲ့ နှစ်ယောက် အခြေအနေက တင်းတင်းမာမာနဲ့ပဲ။

Nicholas ဆိုတာကလည်း ဆရာဝန်မကလို့ သမ္မတကြီးပဲ ဖြစ်ဖြစ်အောက်ခြေကနေ ပြောတဲ့ အကျင့်မရှိလေတော့ စကားကို ချိုချိုသာသာ မပြောတတ်ပေ။

"ကလေးဘာဖြစ်တာလဲလို့ အသေးစိတ်သိချင်လို့ ကျုပ်ကိုပြောပြပေးနိုင်မလား''

"မင်းက ကလေးနဲ့ဘာတော်တဲ့သူမို့လို့ ဒီလိုလေသံနဲ့ လာမေးနေရတာလဲ''

ဆရာဝန်က Nicholas ကို ဘာကောင်မှန်းမသိတဲ့ပုံပဲ။

Nicholasတို့က T city မှာ အချမ်းသာဆုံးနံပါတ်တစ်မိသားစုလို့ ပြောလို့ရတဲ့မိသားစုဆိုတာကို ဒီဆရာဝန်သိရင်တော့ ဒီလေသံနဲ့ပြောနိုင်မှာ မဟုတ်တော့ဘူး။

"ကျုပ်က ဒီကလေးရဲ့ မိသားစုဝင်ပဲ ကျုပ်နာမည်က Nicholas Nathaniel ''

Nathaniel ဆိုတဲ့ နာမည်ကို ကြားတာနဲ့ ဆရာဝန့် မျက်နှာပေါ်ကအချိုးတွေ ချက်ချင်းပြောင်းလို့သွားတယ်။

"ဪ Nathaniel group ကလား၊ဟုတ်ကဲ့ ကျွန်တော် လူနာရဲ့ Historyကို ပြောပြပါမယ်၊ကျွန်တော့်ရုံးခန်းကို လိုက်ခဲ့ပေးပါလားခင်မျာ''

ချက်ချင်းလေသံပြောင်းသွားတဲ့ ဆရာဝန်ကိုကြည့်ပြီး Nicholas မထီပြုံးပြုံးလိုက်မိတယ်။

သူ့ကိုဆို ကလေးအစ လူကြီးအဆုံး လူတိုင်းကြောက်ကြတယ်မဟုတ်လား။

အခုတလော သူ့ကိုမကြောက်ပဲ ပြန်စွာနေတာဆိုလို့ ဟို Sam ဆိုတဲ့ အမျိုးသားကောင်းလေး တစ်ယောက်ပဲရှိတယ်လေ။

ဆရာဝန်ခေါ်ဆောင်ရာ ဆရာဝန်ရဲ့ရုံးခန်းကို Nicholas လိုက်သွားလိုက်တယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now