55• I need you tonight🔥

8.5K 782 39
                                    

အိုလီတစ်ယောက်ရယ် ထိုင်းက BL ကားအသစ်ကိုကြည့်ပြီး တခွီခွီနဲ့ သဘောကျလို့နေတယ်။

ဒီကားထဲက seme ကြီးက သူ့ uke လေးကိုချစ်ချက်ကတော့ သူ့ယောကျာ်းအတိုင်းပဲ။

လက်ရဲဇက်ရဲနဲ့ သူ့ရည်းစားကို ဆွဲဆတ်နမ်းလိုက်တာများ ကြည့်နေရတဲ့အိုလီ့မှာ ကိုယ်အနမ်းခံရသလို ပါးပြင်တွေတောင် ပူပူတက်လာရတယ်။

သူလဲ အဲလိုအနမ်းခံချင်တယ်လေ .. ဪ။

ဒါပေမယ့် ခက်တာက သူ့ရဲ့ dominant alpha ကြီးက အခုတလော အရင်လောက် သူ့ကိုဇိုးဇိုးဇတ်ဇတ်နဲ့ မနမ်းတော့တာတစ်ခုပဲ အတော်ဆိုးတာ။

မနက်အိပ်ရာနိုးရင်ဖြစ်ဖြစ်၊ ညအိပ်ခါနီးဖြစ်ဖြစ် နမ်းလိုက်ရင် တကယ့်ကိုတယုတယနဲ့။

အဲဒီလို ယုယုယယလုပ်တာမျိုးကို အိုလီကမကြိုက်ဖူးလို့တော့ဘယ်ဟုတ်ပါ့မလဲ။

ယောကျာ်းက ကြင်ကြင်နာနာယုယုယယဆက်ဆံတာခံရတာ သူတကယ်ကြည်နူးပါတယ်။

ဒါပေမယ့် .. ဒါပေမယ့်လည်း တခါတလေတော့ ပြင်းပြင်ရှရှတို့ မွတ်မွတ်သိပ်သိပ်တို့ နမ်းတာမျိုးကို သူခံချင်သေးတယ်လေ။

ကိုယ်ဝန်မရှိတာမသိခင်တုန်းက မိုးလင်းရော မိုးချုပ်ရောမရှောင် ရရင်ရသလိုအခွင့်ရေးယူပြီး ဂျိန်းတတ်တဲ့ ကိုကိုကြီးက အခု ကလေးလဲရှိနေပြီဆိုရော မထိမကိုက်ရက်ဖြစ်သွားတာ အရင်တုန်းကသူမဟုတ်တော့တဲ့အလား။

တခုခုလုပ်လိုက်ရင် ကိုယ်ဝန်တစ်ခုခုဖြစ်သွားမှာကို ကိုကိုကြီးစိုးရိမ်နေပုံရတယ်ဆိုတာ သူနားလည်ပါတယ်။

ဒါပေမယ့်လည်း ကိုယ်ဝန်လမရင့်ခင်မှာ ယောကျာ်းနဲ့အတူမနေရဘူးလို့ ဆရာဝန်ကမှာထားတာမှမဟုတ်တာ၊ အဲဒါကို ကိုကိုကြီးက အကဲပိုပြီး အစိုးရိမ်လွန်နေတာလေ။

သူမျှော်လင့်တာကလဲ အရင်ကလို နေ့တိုင်းအဝှာပြုနေဖ်ု့မဟုတ်ဖူး။

ဒါပေမယ့် ရံဖန်ရံခါလေးတော့ သူလဲယောကျာ်းနဲ့ ဟိုဒင်းပြုချင်တာပေါ့။

သူ့မှာလဲ သွေးသားနဲ့လေ၊ ပြီးတော့ ဒီယောကျာ်းကလဲ သူ့မှာတဖက်သတ်ချစ်ခဲ့ရပြီး မနည်းကြိုးစားထားရတဲ့ယောကျာ်း။

That Omega is so cute and I can't help! [Completed]Where stories live. Discover now