48• What a miracle!

7.2K 884 27
                                    


That Omega is so cute and I can’t help Part 48

ဒီနေ့က သူတို့ first semester နောက်ဆုံးနေ့၊ စာမေးပွဲဖြေရမယ့်ဘာသာတွေလဲဖြေပြီးသွားပြီ။ assignment တင်စရာရှိတာတွေလဲ တင်ပြီးပြီမို့ မကြာခင်မှာ ကျောင်းခဏပိတ်တော့မယ်။

Alex က နောက်လထဲမှာ သူ့အဖေရော၊ အမေရောရဲ့မွေးနေ့ရှိတာမို့ ကျောင်းပိတ်ရက်နဲ့တိုက်ဆိုင်နေတော့ သူ့မြို့ကိုပြန်အုံးမည်တဲ့။ Raymus ကတော့ သူ့ရည်းစားလေးကို လွမ်းနေရအုံးတော့မှာပဲ။

Alex ကတော့ သူ့ကို လိုက်ချင်လိုက်ခဲ့ဖို့ခေါ်သေးတယ်၊ အဲဒီလိုကျ သူကလိုက်မသွားချင်။ စပြီးကြိုက်ကြိုက်ချင်းမှာတင် လူကြီးတွေနဲ့ မိတ်ဆက်တဲ့အဆင့်ထိတော့ သူမရောက်ချင်သေးတာမို့ အဝေးကပဲ လွမ်းနေရတော့မှာပေါ့။

ဒီနေ့က ကျောင်းနောက်ဆုံးနေ့မို့ သူတို့တွေဘောလုံးအသင်းကလူတွေက အသင်းနှစ်သင်းခွဲကာ ဘောလုံးကန်ကြဖို့ခ်ျိန်းထားကြတာမို့ အတန်းပြီးတာနဲ့ ဘောလုံးကွင်းဆီသို့ ချီတက်ခဲ့ကြခြင်းပင်။

"အိုလီ ယောက်ဖ မင်းနေမကောင်းဘူးလား၊ မင်းမျက်နှာကိုကြည့်ရတာ ဖြူဖတ်ဖြူရော်နဲ့''

သူမနက်တည်းက သတိထားပြီးကြည့်နေမိတာ အိုလီ့မျက်နှာက နဲနဲဖြူဖတ်ဖြူရော်ဖြစ်နေတယ်လို့ သူခံစားရတယ်။

ဘောလုံးလေ့ကျင့်ရေးကွင်းကို  သူတို့တတွေလမ်းလျှောက်သွားနေတုန်း အိုလီ့ကိုRaymusမေးလိုက်တာဖြစ်တယ်။

"အေးကွ ငါဒီနေ့ နေလို့မကောင်းချင်ဘူး မနက်မိုးလင်းကတည်းက မူးတူးတူးနဲ့ သွေးအားနည်းနေတာလား မသိပါဘူးကွာ''

"ဟာ အဲ့တာနဲ့များ မင်းကကျောင်းကိုလာနေသေးတယ်”

"မင်းအဘ Assignmentက ဒီနေ့တင်ရမှာကိုကွ အဲ့တာကြောင့်ငါလဲ လာရတာပေါ့ဟ”

"အဲ့တာဆိုလည်း မင်းအခု လေ့ကျင့်ရေးမဆင်းတော့ပဲ ပြန်လိုက်ပါလား တော်ကြာတစ်ခုခုဖြစ်နေဦးမယ် မင်းတစ်ခုခုဖြစ်နေရင် ငါ့အစ်ကိုက ငါ့ကိုထိပ်ဆုံးကထောင်းမှာကွ''

"ဪ Raymusမင်းကငါ့ကို စိတ်ပူလို့မဟုတ်ပဲ ကိုကိုကြီးဆူမှာစိုးလို့ လာဂရုစိုက်နေတာပေါ့''

That Omega is so cute and I can't help! [Completed]Where stories live. Discover now