46• Am I ready for the next step?

7.1K 925 75
                                    

"Nicholas ခင်ဗျားက အိမ်မပြန်တော့ဘူးလား''

ညစာထမင်းစားပြီးလို့ ဧည့်ခန်းထဲမှာ သက်တောင့်သက်သာထိုင်ပြီး သတင်းစာတစ်စောင်ဖတ်နေတဲ့ Nicholas ကိုSamက မေးခြင်းဖြစ်တယ်။

"ဘာဖြစ်လို့လဲ ဒါကလည်းကိုယ့်အိမ်ပဲဟာကို''

"ဘာကို ကိုယ့်အိမ်ပဲလဲ ခင်ဗျားမို့လို့ အရှက်မရှိပြောရဲတယ်နော် သူများအိမ်ပေါ်ကိုလာနေတာများ တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ်''

"ဪ အဲ့လိုမပြောနဲ့လေ၊ ကိုယ်ကမင်းတို့သားအဖနေမကောင်းလို့ စောင့်ပေးတဲ့ဟာကို''

"ကျွန်တော်တို့ သားအဖက နေကောင်းတာနှစ်ရက်လောက်ရှိနေပြီ ခင်ဗျားကမပြန်သေးတာလေ''

"ဪ ဒါကစိတ်ချရအောင် သေချာအောင်စောင့်ကြည့်တဲ့သဘောပါ''

"အပိုတွေပြောမနေနဲ့ ခင်ဗျားအိမ်လည်းမဟုတ်ပဲနဲ့ အားမနာပါးမနာနေမနေနဲ့ ပြန်တော့''

"ဟာ Samမင်းကဘယ်လိုလူလဲ ကိုယ့်အလုပ်ရှင်သူဌေးကို အိမ်ပေါ်ကနေနှင်ချနေတာလဲလို့''

"အလုပ်ရှင်ကအလုပ်ထဲမှာပဲ အလုပ်ရှင်တာလေ အခုဟာက ခင်ဗျားက ကျွန်တော့်အိမ်မှာလာနေနေတာကို''

Samပြောတာလည်းမှားတော့မမှား Sam တို့သားအဖနေမကောင်းဖြစ်လို့စိတ်မချဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သူSamတို့အိမ်မှာနေနေတာ ငါးရက်လောက်ရှိရောပေါ့။

အစတုန်းကတော့ ဆေးရုံကိုလည်း ခေါ်သွားလို့မရတဲ့ ဒီသားအဖနှစ်ယောက်ကို ညကြီးအချိန်မတော် တစ်ခုခုဖြစ်မှာစိုးလို့ သူစောင့်အိပ်ပေးမယ်ဆိုပြီး နေပေးလိုက်တာပဲ။

ဒါပေမယ့် တစ်ရက်ကနေနှစ်ရက်နေတာ ကြာလာတဲ့အခါ သူဒီအိမ်မှာနေရတာ ပျော်ရွှင်လာမိတယ်။

ဒီအိမ်က အိပ်ခန်းအပိုတစ်ခန်းရှိပေမယ့် အဲ့တာက အရင်တုန်းက Samအမေနေသွားတဲ့အခန်း၊ Sam အမေမရှိတော့တာကြာပြီမို့ Sam ကလည်း စတိုခန်းအဖြစ် ပစ္စည်းတွေထားထားတာမို့ အဲ့ဒီအခန်းမှာ Nicholasနေလို့မရဘူး။

အဲ့တာကြောင့် Nicholas က Samတို့သားအဖနဲ့အတူ Samတို့သားအဖရဲ့နှစ်ယောက်အိပ်ကုတင်မှာပဲ ကပ်ပြီးနေရတယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now