A Guide to Omegaverse

5.5K 462 12
                                    


A Guide to Omegaverse

Guide ဆိုတာထက် ကိုယ် ဒီ fic ထဲမှာ ထည့်သွားမယ့်အချက်အလက်တွေနဲ့ ယေဘုယျကျတဲ့အချက်တွေကပဲ ပြောပြသွားမှာပါ။ ဘာလို့လဲဆိုတော့ Omegaverse က စိတ်ကူးယဉ်တီထွင်ထားတဲ့ universe တစ်ခုဖြစ်ပြီးတော့ ဖန်တီးသူတွေအပေါ်မူတည်ပြီး ပါဝင်တဲ့အချက်အလက်တွေလဲ မတူညီတာမျိုးတွေ အနည်းအကျဉ်းတော့ရှိတတ်လို့ပါ။

Omegaverse ဆိုတဲ့ Universe မှာဆိုရင် Alpha, Beta နဲ့ Omega ဆိုပြီး အဓိကလူတန်းစား ၃ ရပ်ရှိတယ်။ အဲဒီမှာက ထပ်ပြီး Male နဲ့ Female ဆိုပြီး ခွဲထားတာမို့ Gender ၆ မျိုးရှိပါတယ်။

ပထမဆုံး Alpha တွေအကြောင်းပြောကြမယ်။

Alpha တွေက လူတန်းစား ၃ ရပ်မှာ အမြင့်ဆုံးတွေပေါ့၊ လွှမ်းမိုးနိုင်မှုအများဆုံးရှိတဲ့သူတွေပါ။ Beta တို့ Omega တို့ထက် ပိုပြီးသန်မာတယ်။ ခန္တာကိုယ်အရွယ်အစားလဲ ပိုကြီးကြတယ်။ သူတို့က အရာရာမှာ ဦးဆောင်သူတွေပေ့ါလေ။

Alpha ကျားရော မရောရှိကြပါတယ်။
Male Alpha တွေကတော့ လုံးဝကိုယ်ဝန်မဆောင်နိုင်ပါဘူး။ သူတို့က ကိုယ်ဝန်ဆောင်ရအောင်ပဲလုပ်နိုင်ပါတယ် ဟဲဟဲ။
Female Alpha တွေကတော့ သားအိမ်ပါတာရှားပြီး မပါတာတွေလဲရှိတာမို့ ကိုယ်ဝန်မဆောင်နိုင်ပါဘူး။

Alpha တွေမှာ rut ဝင်တဲ့အချိန်ဆိုတာရှိပြီး အဲဒီလိုအချိန်မှာဆို ထိန်းမနိုင်သိမ်းမရဖြစ်တတ်ပါတယ်။ ပြီးတော့ အဲဒီလိုအချိန်မှာ Omega တွေနဲ့ ဆက်ဆံမိခဲ့ပြီး ကွန်ဒုံးမသုံးခဲ့ဘူးဆိုရင်တော့ အဲဒီ omega ကို ကျိန်းသေကိုယ်ဝန်ဆောင်ရအောင် စွမ်းဆောင်နိုင်ကြပါတယ်။

Alpha တွေက သူတို့ရဲ့သဘာဝအလျောက် pheromones ထုတ်လွှင့်မှုကို ထိန်းချုပ်နိုင်ကြပြီး တော်ရုံ omega pheromones တွေရဲ့ဆွဲဆောင်မှုတွေကို မတုန်လှုပ်သွားအောင်သုံးတဲ့ ထိန်းချုပ်ဆေးဆိုတာမျိုးလဲ တချို့ဇာတ်လမ်းတွေမှာ ပါဝင်တာကိုတွေ့ရပါတယ်။

ပြီးတော့ Omega အကြောင်းပြောကြမယ်။

သူတို့ကတော့ Alpha, Beta တွေနဲ့ယှဉ်ရင် လူနည်းစုပါပဲ။ Omega တွေက နုနွဲ့နေတာမျိုးမဟုတ်ပေမယ့် သဘာဝအရကို အင်အားနည်းတဲ့လူတန်းစားမျိုးပါ။ ခန္တာကိုယ်အရွယ်အစားအားဖြင့် ပိုပြီး သေးငယ်ကြသလို သူများအပေါ် ဦးဆောင်လွှမ်းမိုးနိုင်မှုလဲမရှိကြဘူး။

That Omega is so cute and I can't help! [Completed]Where stories live. Discover now