43• The feelings develop

6.6K 949 40
                                    


That Omega is so cute and I can't help Part 43

Alex တစ်ယောက် Raymus ထွက်သွားတာကို မြင်တော့ ခပ်သွက်သွက်လိုက်သွားဖို့ ကြိုးစားပေမယ့် လျင်မြန်လှတဲ့ Raymus က လှေကားကနေအောက်ကိုတောင်ဆင်းသွားပြီ။

သူလည်းအမြန်ပြေးဆင်းလိုက်ဖို့ လှေကားဆီကိုဦးတည်ခဲ့ပေမယ့် ဆရာမတစ်ယောက်နဲ့တွေ့ကာ ဆရာမကသူ့ကို လှမ်းခေါ်လေတယ်။

"ဟယ် Alex အတော်ပဲ Teacher က သားကိုရှာနေတာ''

"ဗျာ ဆရာမ ဘာဖြစ်လို့လဲဟင်''

"သားတင်ထားတဲ့ Assignmentအကြောင်းပြောမလို့''

ဪ Teacher ရယ် ပြောစရာရှိတာကို အခုမှပဲလာပြောရသလား။

Alex မှာ စိတ်ထဲမှာ မချိတင်ကဲရေရွတ်လျက် ဆရာမစကားကို နားထောင်ရတော့တယ်။ သူကဆရာမတွေရဲ့စကားဆို ဘယ်တုန်းကမှ ပယ်ရှားတတ်တဲ့သူမဟုတ်ခဲ့ဘူးလေ။

"Teacher ဘာပြောမလို့လဲဟင်''

"မနေ့ကသားတင်သွားတဲ့ Assignmentကို Teacher ဖတ်ကြည့်ပြီးပြီ၊ ရေးထားတဲ့အကြောင်းအရာတွေက အတော်လေးပြည့်စုံပါတယ် ဒါပေမယ့် Teacher ကသားကို အဲ့ဒီမှာ Comparison chart လေးတစ်ခုထည့်စေချင်တာသားရယ်''

"ဟုတ်ကဲ့ Teacher ''

"အဲ့ဒီမှာသားပြောပြထားတဲ့နိုင်ငံတွေရဲ့GDP အကြောင်းရဲ့ အပိုဒ်မှာလေ၊ အဲ့ဒီသားရေးတဲ့နိုင်ငံတွေရဲ့ ပြီးခဲ့တဲ့ငါးနှစ်မှာရှိခဲ့တဲ့ GDPကို ဆရာမကထည့်ပြီးဖော်ပြစေချင်တယ်၊ အဲ့ဒီဟာလေးထည့်လိုက်မယ်ဆိုရင် သားရဲ့ Assignment က တော်တော်လေးပြည့်စုံသွားမှာ''

"ဟုတ်ကဲ့ပါ Teacher ကျွန်တော်ပြန်ပြင်လိုက်ပါ့မယ်''

"အေးအေးသား အဲ့တာဆိုရင် ပြန်ပြင်ပြီး Teacher ကိုတစ်ချက်လာပေးနော်''

"ဟုတ်ကဲ့ Teacher ''

"အဲ့တာဆိုရင် Teacher သွားလိုက်ဦးမယ်သားရေ''

Alexလည်း Teacher ထွက်သွားတော့မှ ခပ်မြန်မြန်နဲ့လှေကားအောက်ကို ပြေးဆင်းလာရတယ်။

သူအရှိန်နဲ့ပြေးဆင်းသွားတော့မှပဲ လှေကားဒေါင့်ချိုးတစ်ခုရဲ့ အောက်ခြေမှာထိုင်ပြီး စကားပြောနေတဲ့ Raymus တို့သူငယ်ချင်းတွေရဲ့အသံကို Alex ကြားလိုက်ရတယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now