38• Bullies Brothers!

7.2K 904 43
                                    


That Omega is so cute and I can’t help Part 38

"Sammyရေ တားဒီမှာ ပုံချွဲလို့ပြီးပြီ လာကြည့်ပေးပါဦး'''

အခန်းထဲမှာရှိတဲ့ သူ့ရဲ့စာကြည့်စားပွဲသေးသေးမှာ ပုံထိုင်ဆွဲနေတဲ့ သားတော်မောင် Nixon က Sam ကို လှမ်းခေါ်တယ်။

ဒါပေမယ့် Sam က ကုတင်ပေါ်မှာ ထိုင်နေရာကနေ နေရာမရွှေ့မိသေးပါ။ Sam ရင်ထဲမှာ အရမ်းကို ပူလောင်ပြီး ရှုပ်ယှက်ခတ်နေတယ်။

"Sammyကလည်း တားခေါ်နေရာ လာကြည့်ပါလို့ချို''

သူ့အဖေ Nicholas နဲ့တူတဲ့ သားတော်မောင်က စိတ်မရှည်သလို Sam ကို ဆူအောင့်အောင့်လေး လှမ်းပြောတော့ Sam လည်း စိတ်ရှုပ်နေတဲ့အခံနဲ့ လေသံမာမာနဲ့ ငေါက်ငမ်းလိုက်မိတယ်။

"ဘယ်လိုဖြစ်လို့လဲ Baby လေး ခဏနေရင်Daddy လာမှာပေါ့ အခု Daddy အလုပ်မအားသေးဘူး''

"ဟင် Sammyက ထိုင်နေရာ မဟုတ်ဘူးရား၊ ဘာတွေ အလုပ်များနေရို့လဲ''

သိချင်တာရှိရင် အလျှော့မပေးပဲ မေးတတ်တဲ့ Nixon က Sam ပြောစကားကို မကျေမနပ်နဲ့ မေးခွန်းထုတ်လာပြန်တယ်။

Nixon ပြောတာလည်း ဟုတ်တော့ဟုတ်ပါတယ်၊ Sam က ဘာမှမလုပ်ပဲ ထိုင်နေတာပါ။

ဒါပေမယ့် သူ့ရဲ့အတွေးတွေက ညနေတုန်းက Nicholas အဖေ ဥက္ကဌကြီး ပြောတဲ့စကားတွေကို တွေးနေခဲ့တာဆိုရင် ပိုမှန်ပါလိမ့်မယ်။

ရုံးမဆင်းခင် Sam အလုပ်များနေတုန်း ဥက္ကဌကြီးက Sam ဆီကိုရောက်လာပြီး Samနဲ့ စကားပြောကြရအောင်လို့ ပြောတယ်။

ဥက္ကဌကြီးရဲ့ ပုံစံကိုကြည့်ပြီး ဥက္ကဌကြီး ဘာပြောမယ်ဆိုတာ Sam ရိပ်မိနေခဲ့ပါတယ်။ တကယ်ကို ဥက္ကဌကြီးက Nicholasနဲ့ ပတ်သတ်တဲ့အကြောင်း Sam ကို ပြောခဲ့တာ။

အရာရာမှာ သမာသမတ်ရှိလှတဲ့ ဥက္ကဌကြီးက Sam တို့ကိစ္စမှာ Nicholas ရဲ့အမှားဆိုတာကို ကောင်းကောင်းသိတာကြောင့် Sam ကို အသည်းအသန်တွေ တောင်းပန်တော့တာပဲ။ Nicholasကို မကျေနပ်ဘူးဆိုပေမယ့် အပြစ်ရှိတဲ့သူက မကောင်းခဲ့တဲ့သူက Nicholas ပဲမို့ ဥက္ကဌကြီးကိုတော့ Sam အပြစ်မမြင်နိုင်ပါ။

ဥက္ကဌကြီးဆိုတာက သူ့ကို အဖေတစ်ယောက်သဖွယ် အလွန်ကောင်းခဲ့တဲ့ သူဌေးပဲလေ။

That Omega is so cute and I can't help! [Completed]Where stories live. Discover now