4•The new student is strange

8.1K 1.1K 55
                                    


That Omega is so cute and I can’t help Part 4

“ဒီနှစ်တော့ ရန်ဖြစ်တဲ့ကိစ္စကို ပထမဆုံးဖွင့်ပွဲလုပ်လိုက်တာ Raymus မဟုတ်တော့ဘူးပဲ”

စာသင်ချိန်တစ်ချိန်နဲ့တစ်ချိန်အကြား ဆရာမဝင်မလာသေးခင် စားပွဲပေါ် ခေါင်းမှောက်အိပ်နေတဲ့ Raymus ကကြားလိုက်ရတဲ့စကားကြောင့် ခေါင်းထောင်မကြည့်သော်လည်း နားတော့စွင့်လိုက်မိတယ်။

စာတော်တဲ့သူတွေ T နိုင်ငံရဲ့တကယ့်ထိပ်သီးမိသားစုတွေ အများစုတက်တဲ့ကျောင်းမို့ ဒီကျောင်းက တက္ကသိုလ်ဆိုသော်လည်း စည်းကမ်းကြီးတယ်။

ရန်ဖြစ်ပြီဆိုရင်လဲ ထိထိရောက်ရောက်အရေးယူတတ်တဲ့ကျောင်းမို့ Raymus ကလွဲရင် ကျန်တဲ့သူတွေက ရန်သိပ်မဖြစ်ရဲကြ။

စိတ်မထိန်းနိုင်တဲ့အခါမျိုးမှ ကျောင်းသားတွေက ရန်ဖြစ်ကြတာမို့ ကျောင်းဖွင့်တာ တစ်ပတ်လောက်ပဲရှိသေးတဲ့အချိန်မှာ ဘယ်ကျောင်းသားကများ ရန်ဖြစ်ရဲတာလဲလို့ Raymus နည်းနည်းစိတ်ဝင်စားမိသွားတယ်။

“ဟေ ဘယ်သူဖြစ်တာလဲ”

ကြားလိုက်ရပါပြီ စပ်စုစိန် Willy ရဲ့မေးသံ။ Willy က ခုနက စကားကိုပြောတဲ့ အတန်းထဲကတစ်ယောက်ကိုမေးနေပုံရတယ်။

“ငါတို့ရဲ့ကျောင်းသားသစ်ကြီး Alexander လေ”

“wow … သူက ထင်ထားသလို စာဂျပိုးတစ်ယောက်မဟုတ်ဘူးပဲ”

“ဟုတ်မဟုတ်တော့ မသိဘူးဟေ့ အခုတော့ ပွဲကောင်းနေတယ် လိုက်ကြည့်ပါလား”

“ဘယ်မှာဖြစ်တာလဲ”

“ဒုတိယထပ် ကော်ရစ်တာ လာ ငါသွားကြည့်မလို့ လိုက်ခဲ့”

“ဟေ့ကောင်တွေ သွားမယ် လာ … Ray ထစမ်းကွာ”

“နေစမ်းကွာ ငါမလိုက်ဘူး မင်းတို့ဘာသာ သွားစပ်စု”

“မင်းကလဲ ဘာစမ်းပါ ဒီကောင့်လက်ရည်လေးဘာလေးသိရတာပေါ့ သွားမယ် ထထ”

လိုက်မသွားချင်ပေမယ့်လည်း သိလိုစိတ်အနည်းငယ်ရှိတာကြောင့် Raymus အင်တင်တင်နဲ့ Willy ဆွဲခေါ်ရာနောက်ကိုလိုက်ပါလာရတယ်။

ဒုတိယထပ် ကော်ရစ်တာရောက်တော့ ကျောင်းသားတစ်ယောက်ကို ဆွဲထိုးနေတဲ့ ကျောင်းသားသစ်ကိုတွေ့ရတယ်။ ကျောင်းသားသစ်ထက် အရပ်အမောင်းရော၊ ကိုယ်ခန္တာရော မကွာတဲ့သူတစ်ယောက်ကို သူ့ထက်သေးငယ်တဲ့သူတစ်ယောက်လို လက်သီးတွေတစ်ချက်ပြီးတစ်ချက်ပစ်သွင်းနေတာမို့ အင်အားကတော့ မသေးလှဘူးလို့ Raymus မှတ်ချက်ချမိတယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now