3• WTF! He rejected a beautiful Omega?

9.6K 1.2K 32
                                    

ဆောင်းဝင်ခါစရာသီဥတုလေးက နေလို့ထိုင်လို့သိပ်ကောင်းတယ်။

နှင်းတွေကျပြီး ချမ်းစိမ့်စိမ့်ဖြစ်နေတဲ့ရာသီဥတုကို Raymus ပိုကြိုက်တယ်ဆိုပေမယ့် ဆောင်းဦးကလဲ အဆင်ပြေပါတယ်။

ခေါင်းစွပ်ဆွယ်တာမထူမပါးလေးနဲ့ ဂျင်းဘောင်းဘီအပြဲတစ်ထည်ကို ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားတာတောင် သူလမ်းလျှောက်လာရာ တစ်လမ်းလုံးမှာ သူ့ကိုမငေးတဲ့သူ ဘယ်သူမှမရှိဘူး။

ဒါက သူကသိပ်ချောသိပ်လှနေတာကြောင့်လဲ ဖြစ်နိုင်သလို ဂျင်းဘောင်းဘီအပြဲကြောင့်လဲဖြစ်နိုင်တာပဲ။

အထက်တန်းကျောင်းမဟုတ်တာမို့ ကျောင်းယူနီဖောင်းဝတ်ရင်ဝတ်လို့ရသလို အပြင်အဝတ်အစားလဲ ဝတ်လို့ရတယ်ဆိုပေမယ့် အခု Raymus ဝတ်ထားသလို အပေါက်အပြဲတွေ တော်တော်များတဲ့ ဂျင်းဘောင်းဘီမျိုးကတော့ Raymus တစ်ယောက်သာဝတ်ရဲတာ။

အဲဒါကလဲ Raymus က ကျောင်းအုပ်ကြီးရဲ့သားဖြစ်နေလို့တို့ ကျောင်းပိုင်ရှင်ရဲ့သားဖြစ်နေလို့တော့ မဟုတ်ဘူး။

ဒါပေမယ့် အဲဒါတွေထက်ပိုတဲ့ ကျောင်းအုပ်ကြီးတို့ ကျောင်းပိုင်ရှင်တို့တောင် မော်မကြည့်ရဲလောက်တဲ့ George Nathaniel ရဲ့ သားဖြစ်နေလို့ပဲ။

"Raymus မင်းကိုလိုက်ရှာနေတာ ဖုန်းဆက်တာလဲမကိုင်ဘူး"

၁၅ ပေအကွာလောက်ကနေ လှမ်းအော်တဲ့ Willy အသံက သူ့နားထဲကို ကျယ်လောင်စွာ ဝင်ရောက်လာတယ်။

ဒီကောင်က rocker သေပြီးဝင်စားလို့များ အဲလောက် အသံကျယ်နေရတာလားကွာ။

"ဖုန်းသံပိတ်ထားတာ..."

"ငါ့ကိုမနက်စာလေးလိုက်မကျွေးချင်ဘူးလား သူငယ်ချင်း ငါ ပိုက်ဆံအိတ် အိမ်မှာ မေ့ကျန်ခဲ့လို့"

"ပိုက်ဆံအိတ် မေ့မကျန်ခဲ့ဘူးဆိုရင်ရော မင်းဘာသာဝယ်စားမှာမို့လို့လား"

မိမိပုခုံးကိုလာဖက်တဲ့ Willy လက်ကို ပုတ်ထုတ်လို့ သူပြန်ပြောလိုက်တော့ Willy က အပြုံးမပျက်ပဲ အသံခပ်ကျယ်ကျယ်ထွက်ပြီးတောင်ရယ်လိုက်သေးတယ်။

"ဟဲဟဲ မင်းကလဲကွာ မင်းရှိနေတာကို ငါက ကိုယ့်ဘာသာဝယ်စားစရာလားကွ"

That Omega is so cute and I can't help! [Completed]Where stories live. Discover now