35• Marry me!

7.2K 933 103
                                    


That Omega is so cute and I can’t help Part 35

မနက်စောစော baby လေး ဂျီကျတာမို့ သူစားချင်တဲ့ ခေါက်ဆွဲနဲ့ ဖက်ထုပ်ကို ဝယ်ကျွေးဖို့ တိုက်ခန်းအောက်ကို ဆင်းလာခဲ့ပြီး တိုက်ခန်းရဲ့အပြင်ကို ထွက်လိုက်တာနဲ့ မြင်လိုက်ရတဲ့ သူတစ်ယောက်ကြောင့် Sam ရဲ့တစ်နေ့တာက ကျက်သရေမရှိနိုင်တော့ဘူး ဆိုတာ သိလိုက်တယ်။

"Morning Babyလေး''

"Morning ဦးဦး''

သားနဲ့ Nicholas အပေးအယူမျှလို့ အပြန်အလှန် နှုတ်ဆက်နေပေမယ့် Sam ကတော့ စူပုတ်ပုတ်နဲ့ ဆက်ပြီး မတ်တပ်ရပ်နေမိတယ်။

Nixon ကတော့ ကိုယ့်ဘက်ဆွဲထားလို့သာ မဟုတ်ရင် Nicholas ကိုယ်ပေါ် ပြေးမတက်ရုံတမယ် နှုတ်ဆက်နေလေရဲ့။

အခုရက်ပိုင်း သူ့ဘက်က ကြိုဆိုခြင်းမရှိပါပဲ သူနဲ့ babyလေးနားကို ခဏခဏပေါ်လာတတ်တဲ့ Nicholas ကို Sam ဘယ်လိုမှ နားမလည်နိုင်ပါ၊ သူပဲ Samကို ထားခဲ့တုန်းက ထားခဲ့ပြီး အခုကျမှ ဘာလို့ Nixon လေးကို ပြန်လိုချင်နေမှန်း Sam တကယ်ကိုနားမလည်တော့ပါဘူး။

အရင်တုန်းက Samသိခဲ့တဲ့ Nicholas က ကလေးမချစ်တတ်ဘူး၊ အိမ်ထောင်ပြုဖို့ကိုလဲ စိတ်မဝင်စားဘူး။ အဲ့ဒီလို လူတစ်ယောက်က အခုမှလာပြီး  Nixonလေးကို ချစ်လှပါချည်ရဲ့လို့ဆိုလာတာကို Sam မယုံကြည်နိုင်တာ Sam အလွန်မဟုတ်။

သူ့ကိုယ်သူ Nicholas အကြောင်း အများကြီးသိတဲ့သူလို့ ဂုဏ်မဆာချင်ပေမယ့် သူတကယ် Nicholas အကြောင်း ကောင်းကောင်းသိတဲ့သူတစ်ယောက် ဖြစ်ခဲ့တာပဲ။ သူက Nicholas ရဲ့မျက်နှာကို စာတစ်ပုဒ်ကျက်သလို အလွတ်မှတ်သားခဲ့ဖူးတာမို့ သူဘယ်လိုလူစားဆိုတာ ကောင်းကောင်းသိတယ်။

Nicholas က ဘယ်သူ့ကိုမှ စိတ်ရှည်ခဲ့တာမျိုး မရှိဘူး။ Nicholas က အတ္တကြီးတယ်၊သူတစ်ခုခု ရယူဖို့အတွက်မဟုတ်ရင် သူဘယ်သူ့ကိုမှ အလကား အကြောင်းမဲ့သက်သက် ပေးဆပ်တာမျိုး မရှိဘူး။

အခု Nicholas က သူ့ရဲ့အချိန်တော်တော်များများကိုNixon လေးအတွက် မြုပ်နှံတယ်ဆိုတာ Nixon ကို အပိုင်လိုချင်လို့ဆိုတဲ့ အကြောင်းအရာက လွဲပြီး တခြားအကြောင်း မဖြစ်နိုင်ဘူး။

That Omega is so cute and I can't help! [Completed]Where stories live. Discover now