49• I'm in love with my son's dad

6.9K 861 60
                                    

A.N - ခုချိန်မှာ fic up ပေးရင် ဆဲခံရနိုင်တယ်ဆိုတာသိပါတယ်။ ပင်ပန်းနေတဲ့အချိန်စာဖတ်လိုက်တဲ့ခဏ စိတ်အမောပြေစေဖို့ပဲရည်ရွယ်ပါတယ်။
ဒီနေ့ ၂ ပိုင်းအပ်ပါမယ်။
၁၄ ရက်နေ့အင်တာနက်ပိတ်ဖြစ်ခဲ့ရင် ပြန်ရတဲ့အချိန်မှပဲ ထပ်ပြီးအပ်ပေးပါတော့မယ်။
Stay safe and keep fighting!

Xxxxxxxxxx

That Omega is so cute and I can’t help Part 49

"Nicholas ခင်ဗျားအစည်းအဝေးပြီးပြီလား''

Nicholasတခြားရုံးတစ်ခုမှာ အစည်းအဝေးသွားတက်ပြီး ပြန်အလာကားမောင်းနေတုန်း Samဆီကနေဖုန်းဝင်လာတယ်။

"အင်း ပြီးပြီ ကိုယ်အခုပဲရုံးပြန်လာတော့မလို့ ဘာဖြစ်လို့လဲ''

"အစည်းအဝေးပြီးပြီဆိုရင် တစ်ခါထဲ Nixonလေးကို မူကြိုမှာဝင်ကြိုပေးပါလား ကျွန်တော် sales team နဲ့ အစည်းအဝေးတစ်ခုရှိလို့ ရုံးကနေ ထွက်လို့မရသေးဘူး''

"ရတယ်လေ ကြိုပေးမယ် ဒါနဲ့ အစည်းအဝေးလုပ်မယ့်အချိန်က နောက်ကျလှချည်လား ရုံးဆင်းနောက်ကျမှာပေါ့''

“အင်း ဟုတ်တယ် မနက်ဖြန် sales manager က Y City ကို promotion event တစ်ခုအတွက်သွားမှာမို့ ဒီညနေလုပ်မှအဆင်ပြေမှာ။ ဘာလဲ ခင်ဗျား Nixon လေးကိုသွားကြိုဖို့ အဆင်မပြေလို့လား”

“မဟုတ်ပါဘူး ကြိုပေးလို့အဆင်ပြေပါတယ်”

Samဆီက Nixonလေးနဲ့ပတ်သတ်ပြီး သူ့ကိုအခုလိုမျိုး အကူအညီတောင်းတာမျိုး ရှိခဲ့ရင်Nicholasတကယ်ပဲ သဘောကျမိတယ်။

သူလိုချင်တာက အခုလိုမျိုး Samဆီက သူ့ကိုအားကိုးတကြီးနဲ့ အကူအညီတောင်းတာမျိုးလေ ?အဲ့ဒီလိုမျိုးဆိုရင် Samတို့သားအဖနှစ်ယောက်နဲ့ သူပိုပြီးရင်းနှီးသွားပြီလို့ ခံစားရတာမို့ သူတကယ်ပဲနှစ်ခြိုက်မိတယ်။

"အဲ့တာဆိုလို့ရှိရင်လည်း Nixonလေးကိုခေါ်ပြီးတော့ အိမ်ပြန်လိုက်တော့''

"ကိုယ်Nixonလေးကိုကြိုပြီးရင် Samကိုရုံးမှာလာခေါ်မယ်လေ လမ်းလည်းသင့်နေတာပဲဟာကို''

"ဟင့်အင်းရတယ် မကြိုနဲ့တော့ ကိုယ့်ဘာကိုယ်ပဲ ပြန်လာလိုက်တော့မယ်''

That Omega is so cute and I can't help! [Completed]Where stories live. Discover now