18• Run Raymus Run!

6.6K 1K 94
                                    


That Omega is so cute and I can’t help Part 18

Alex ၂ ရက်လောက် အဆောင်မှာအောင်းနေခဲ့ပြီး နောက်တစ်ရက်မှာတော့ ပုံမှန်နေ့ရက်တွေလိုပဲ ကျောင်းသွားဖို့ အဆောင်ကနေထွက်ခဲ့တယ်။

သူ့မှာ ဒီအရွယ်ရောက်တော့မှ ထူးထူဆန်းဆန်း Rut ဝင်လာလို့ နှစ်ရက်လောက် ကျောင်းမသွားနိုင်ခဲ့ဘူး။

Alexက မွေးကတည်းက Alpha တစ်ယောက်ဆိုတာ သူ့ကိုယ်သူ သိပြီးသားပါ။

ဒါပေမယ့် ထူးဆန်းတာက Alex လူပျိုပေါက်အရွယ်ရောက်တဲ့အချိန်မှာ Alpha pheromones တွေ ထုတ်လွှတ်မှုမရှိသလို အခုချိန်ထိ တစ်ခါမှလဲ rut မဝင်ခဲ့ဖူးသေးတာပဲ။

Alpha တွေ သူတို့ရဲနဂိုမူလသဘာဝအရ pheromones ထုတ်လွှတ်မှုကို ထိန်းချုပ်ထားနိုင်တယ်ဆိုပေမယ့် Alex မှာတော့ ထိန်းချုပ်စရာ Pheromonesတွေ မရှိတဲ့ပုံစံမျိုး ဖြစ်နေခဲ့တယ်။

အဲ့တာကြောင့် Alex အထက်တန်းရောက်တဲ့အချိန်မှာ သူ့အိမ်က မိဘတွေက စိတ်ပူလို့ဆိုပြီး ဆေးရုံမှာ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ခဲ့တယ်။

ဒါပေမယ့် သူ့မှာ ကျန်းမာရေး ချို့ယွင်းမှုလည်း ရှိမနေပြန်ဘူး။

ဆရာဝန်တွေ ပြောတာကတော့ သူကဖြစ်တောင့်ဖြစ်ခဲ Alpha လက္ခဏာပြတ နောက်ကျတာလို့သာ ဆရာဝန်တွေက သုံးသပ်ကြတယ်။ ဒီလိုအဖြစ်မျိုးက အချို့ Alpha တွေနဲ့ Omega တွေမှာလဲဖြစ်တတ်တာမို့ ကျန်းမာနေသရွေ့တော့ အရမ်းကြီးကြီးမားမားစိုးရိမ်စရာမရှိဘူးလို့ ဆရာဝန်က ပြောခဲ့တာမို့ Alex လဲ အဲဒီကိစ္စကို မေ့မေ့ပျောက်ပျောက်ဖြစ်လို့သွားတယ်။

Sexual desire သိပ်မရှိတဲ့ Alexကတော့ Pheromones မထုတ်လွှတ်နိုင်လည်း ပြဿနာ သိပ်မရှိဘူးလို့ ယူဆထားခဲ့တာပဲ။

အဲ့ဒီလို မဖြစ်တော့ ပိုတောင် ကောင်းသေးတယ်။

Omegaတွေ ကြားထဲရောက်ရင် သူ့ကိုယ်သူ ထိန်းချုပ်ထားစရာ သိပ်မလိုဘူးပေါ့။

ဒါပေမယ့် တခြား Alpha ယောကျာ်းလေးဆိုရင်တော့ Alexလို ဖြစ်ရင် တော်တော်ဝမ်းနည်းမှာပဲ။

ဘာဖြစ်လို့လဲဆိုတော့ Alpha အများစုရဲ့ ဆွဲဆောင်နိုင်အားက ရုပ်ရည်အပြင် ဒီPheromonesကလည်း အဓိကပဲလေ။

That Omega is so cute and I can't help! [Completed]Where stories live. Discover now