15

4.2K 845 66
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH15 - I KNEW OF IT ALL

လုဖုန်းတစ်ယောက် ငြီးငွေ့ဖွယ်ရာVအလုပ်တစ်ခုဟု မမြင်ဘဲ ရှန့်မင်အော်ဖုန်းကို ထပ်ခါထပ်ခါ ခေါ်နေမိသည် ။ ရှားရှားပါးပါးကျန်သော ဖုန်းဘတ္ထရီ လုံးဝကုန်သွားချိန်အထိပင် ။ ယခုချိန်တွင် ဖုန်းလည်း ထပ်ဆက်လို့မရတော့။ လုဖုန်း ဘယ်လောက်ပင် အားထုတ်ပါစေ တစ်ဖက်လူမှာ နောက်ဆုံးသောအချိန်အထိ ဖုန်းမကိုင်ခဲ့ပေ ။

လုဖုန်း ဆေးရုံကော်ရစ်တာတွင် ဆောင့်ကြောင့်ထိုင်လျက် နာကျင်စွာပင် ဆံပင်ကို အားစိုက်ဆောင့်ဆွဲထားမိကာ မျက်နှာကို လက်များကြားအပ်ထားမိသည် ။

ရှန့်မင်အော် သူ့ဖုန်းကို မကိုင်ခဲ့ ။ ဒီလိုအချိန်မျိုးမှာပင် သူ့ဖုန်းကိုကိုင်ဖို့ ငြင်းဆန်နေဆဲ ။
လုဖုန်း ဖြစ်စေချင်သောအရာသည် တစ်ခုတည်းသာ ။ ရှန့်မင်အော်၏အသံကိုကြားရရုံ ။ ရှန့်မင်အော်အနေဖြင့် ဒီအချိန်မျိုးတွင် နှစ်သိမ့်မှုမပေးဆိုလျှင်တောင်မှ သူဖုန်းကိုဆက်ကိုင်ထားရင်း အရာရာကိုသည်းခံမိမှာပင် ။ ထိုအရာသည် စိတ်ပျက်အားလျော့ဖွယ်ကောင်းပြီး နာကျင်ရလျှင်တောင်မှ  လုဖုန်းစွန့်ခွာလိမ့်မည်မဟုတ် ။

သို့သော် ရှန့်မင်အော်ကား သူ၏အသေးငယ်ဆုံးသော ဆန္ဒတစ်ခုကိုပင် ဖြည့်ဆည်းမပေးခဲ့ ။

"လူလိမ်..."

လုဖုန်း မျက်လုံးတစ်ချက်မှိတ်လိုက်ပြီး မျက်ဝန်းထဲမှ ပူလောင်မှုတို့ကို ပါးပြင်ထက် စီးဆင်းစေလိုက်သည် ။

အမျိုးသမီးတစ်ယောက်၏ နူးညံ့လှသောအသံက  လုဖုန်းရှေ့တွင် ထွက်ပေါ်မလာခင်အထိ လုဖုန်းထိုပုံစံအတိုင်း ထိုင်နေမိခဲ့၏ ။ လုဖုန်းခေါင်းမော့လိုက်သည်နှင့် မျက်ဝန်းထဲ၌ စိုးရိမ်ပူပန်မှုတို့နှင့် သူ့ကိုကြည့်နေသော နာ့စ်မလေးကို တွေ့လိုက်ရလေသည် ။

"မစ္စတာလု ၊ ရှင် အဆင်ပြေရဲ့လား ?"

လုဖုန်း မျက်နှာကို ပွတ်သပ်လိုက်ပြီး ထရပ်လိုက်သည် ။

"ကျွန်တော် အဆင်ပြေပါတယ် ၊ ကားရောက်နေပြီလား "

နာ့စ်မလေးက ခေါင်းတစ်ချက် ညိတ်ပြ၏ ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now