11

5K 900 92
                                    

ဒီတစ်ခါတော့ အရင်လို .1 .2 ဆိုပြီး နှစ်ပိုင်းမခွဲဘဲ တစ်ခုတည်း တင်ပေးထားပါတယ် Zawgyiက အောက်မှာပါပါတယ် ဆက်ဆွဲပြီးကြည့်ပေးနော်


SCROLL DOWN FOR ZAWGYI

UNICODE

CH 11- ONE MOMENT OF HAPPINESS

ရှေ့နေဝူ၏အပြုံးကား တမုဟုတ်ချင်းအေးခဲသွား၏ ။ မျက်နှာအမူအရာမှာ သိသိသာသာကို ကိုးရိုးကားရားဖြစ်လျက် ။ သူ မရည်ရွယ်ပါပဲ ဒီတိုင်းပြောလိုက်သည့် ရောက်တက်ရာရာစကားတစ်ခွန်းကို ကာယကံရှင်ကိုယ်တိုင်က ကြားသွားလိမ့်မည်ဟု သူလုံးဝထင်ထားခဲ့မည်မဟုတ်ဆိုတာ သေချာသည် ။

"ဆောရီး ကျွန်တော်မှားသွားတယ် "

ရှေ့နေဝူမှာ အလျင်စလိုပင် လုဖုန်းကိုတောင်းပန်လာခဲ့ပြီး လက်ကိုရှေ့ထုတ်ကာ လက်ဆွဲနှုတ်ဆက်ဖို့ပြင်လာခဲ့၏ ။

"ကျွန်တော်က ကျင့်ရှန်Law Firm ရဲ့ ရှေ့နေဝူရိပါ ဒီကလောင်ရှီးရဲ့...?"

လုဖုန်း ရှေ့နေဝူ၏လက်ကိုပြန်ဆွဲနှုတ်ဆက်လိုက်ပြီး

"ကျွန်တော်က သူ့ညီပါ"

ရှေ့နေဝူဆိုသူမှာ တဒင်္ဂမျှ ရှော့ခ်ရသွားဟန်တူသည် ။ စိတ်ရှုပ်ထွေးခြင်းကား သူ့မျက်နှာပေါ်တွင် အထင်းသားပေါ်လွင်လျက် ။ လက်ဆွဲနှုတ်ဆက်နေရာမှ လက်ကိုပြန်ရုတ်မသွားခင်မှာပင် ခဏဝာာမျှ ရပ်တန့်နေသေး၏ ။

"သြော်...ဟုတ်ပြီ ဟုတ်ပြီ ဒါဆို ဒီကမစ္စတာအနေနဲ့ ဧည့်ခန်းထဲမှာ အရင်ဆုံးသွားစောင့်နေလို့ရပါတယ် ...ရှန့်လောင်ရှီးက မကြာခင်ပြန်ရောက်ပါလိမ့်မယ် "

ညီငယ်တစ်ယောက်က အကိုဖြစ်သူ၏ လုပ်ငန်းဖွင့်ပွဲတွင် အချစ်သင်္ကေတနှင်းဆီပန်းကိုယူဆောင်လာသည်သာမက ညီအစ်ကိုနှစ်ယောက်သား မျိုးရိုးနာမည်ပါမတူသည်ကိုပါ နားလည်နိုင်ဖို့ရန် ရှေ့နေဝူအနေဖြင့် ခက်ခဲကောင်းခက်ခဲနိုင်လောက်သည် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now