7.2

5.5K 936 14
                                    

SCROLL DOWN FOR ZAWGYI

UNICODE

7.1အရင်ဖတ်ရန် <<<

"သွားသေလိုက်"

ရှန့်မင်အော် သူ့အခန်းဆီသို့ပြန်ဦးတည်လိုက်ပြီး တံခါးကိုပါ ဝုန်းခနဲပိတ်လိုက်သည် ။ မျက်နှာကြက်ထက်မှ မီးရောင်သည် တံခါးပိတ်သည့်အရှိန်ကြောင့် တလှုပ်လှုပ်တလှဲ့လှဲ့။

ချီးယန်ကား တံခါးကိုစူးစိုက်စွာ မလှုပ်မယှက်ကြည့်နေဆဲပင် ။ ထို့နောက် ဝမ်းဗိုက်ကိုအုပ်ကိုင်ထားရင်း အရူးတစ်ယောက်နှယ် သွေးပျက်စွာစတင်ရယ်မောလာခဲ့၏ ။ သွေးတို့သည် ရှပ်အင်္ကျီမှစိမ့်ထွက်လာလျက် အဝတ်ကိုပါအနီစွန်းစေ၏ ။

သူနဲ့ထိုက်တန်တာကို ရလိုက်ခြင်းပင် ။

လှောင်ပြုံးတစ်ခုသည် လုဖုန်း၏မျက်နှာပြင်ထက် တွယ်တက်လာခဲ့၏ ။ ဖြစ်ပျက်သွားသောအခြေအနေများအပေါ် လွန်စွာစိတ်​ကျေနပ်ခြင်းကို သူခံစားရပေ၏ ။

ချီးယန်သည် ဤခဏအတွင်းထွက်သွားမည်ပုံမပေါ် ။ ထို့ပြင် ရှန့်မင်အော်သည်လည်း သူနှင့်စကား​ကောင်းကောင်းပြောဖို့ရာ စိတ်ပါလိမ့်မည်မဟုတ် ။ ကောင်းကျိုးဆိုးကျိုးနှစ်ဖုံကို နှိုင်းဆချိန်ညှိပြီးနောက် လောလောဆယ်အိမ်ကိုအရင်ပြန်ဖို့ရာ လုဖုန်းဆုံးဖြတ်လိုက်တော့သည် ။ အိမ်ကိုရောက်ကာမှ ဘာဆက်လုပ်ရမည် သူဆက်စဥ်းစားမည် ။

လုဖုန်း ထိုအဆောက်အအုံ၏ မြေညီထပ်ကိုရောက်ရောက်ချင်းပင် ရှန့်မင်အော်ငှားနေသောအခန်းကို တစ်ဖန်ပြန်လှည့်ကြည့်မိသည် ။ အခန်းကား ယခုထိမီးလင်းနေဆဲပင် ။ ထိုမီးရောင်သည် ယခင်ကဆိုလျှင်  ရိုးရိုးသာမန်ဖြစ်ချင်ဖြစ်မည် ။ ယခုတော့ မှော်စွမ်းအင်တစ်ခုခုပျော်ဝင်နေသလားမှတ်ရသည် ။ သူ့ကိုအကြာကြီးစိုက်ကြည့်နေစေရန် ညှို့ယူဖမ်းစားထားနိုင်သည်လေ ။

ရှန့်မင်အော်နှင့် ချီးယန်တို့နှစ်ယောက်ပြောနေကြသော ပဟေဋ္ဌိများက လုဖုန်းကိုစိတ်တိုစေတာတော့အမှန်ပင် ။ ကမ္ဘာတစ်ခုရှိမည် ။ ထိုကမ္ဘာကို သူတို့နှစ်ယောက်ထဲသာ ဝင်နိုင်ပြီး သူ့ကိုအပြင်မှာပဲနေစေကာ ဝင်မရအောင်ပိတ်ထားခြင်းမျိုး ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now