16

4.3K 821 114
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH16- I THANKED THEM FOR ALWAYS BEING HERE

စီးကရက်မှာ အဆုံးထိတိုင် လောင်ကျွမ်းသွားခဲ့ပြီးဖြစ်ကာ ညင်ညင်သာသာတို့ရုံနှင့်ပင် စုပုံနေသောပြာမှုန်တို့က ပုံပျက်ကြေမွပြီး ကျဆင်းသွားလျက် ၊ လုဖုန်း လက်ဖဝါးပြင်ထက်သို့ပင် မီးဟပ်ကာ အပူလောင်ဒဏ်ရာတစ်ခုကို ဖြစ်ပေါ်စေ၏ ။

"မင်း သူမ,စကားကို နားထောင်ခဲ့သင့်တယ် "

အရိပ်တစ်ခုက လုဖုန်းအပေါ်တွင်ဘွားခနဲပေါ်လာခဲ့ပြီး လုဖုန်းလည်း သူ့ရှေ့တွင်ရပ်နေသော ရှန့်မင်အော်ကိုမြင်ရဖို့ရန် ခေါင်းမော့ကြည့်လိုက်သည် ။

အလင်းရောင်လာရာ အရင်းအမြစ်ကို ပိတ်ဆို့ရပ်နေခဲ့သောရှန့်မင်အော်၏ မျက်နှာမှာ အမှောင်ထုထဲတွင်သာ ရောက်ရှိနေခဲ့၏ ။ ထို့ပြင် ရှန့်မင်အော်၏မျက်စိသူငယ်အိမ်မှ ထွက်လာသော အလင်းရောင်ကလည်း အေးစက်ပြီးလေးလံနေသယောင် ။

လုဖုန်း ကိုယ့်ရယ်သံကိုယ်ပြန်ကြားရရုံ တစ်ချက်ရယ်လိုက်ပြီး

"ဟုတ်တာပေါ့ ၊ ကျွန်တော် သူမ,စကားကို နားထောင်ခဲ့သင့်တယ် "

သတိပေးမှု တစ်စုံတစ်ရာမရှိပါဘဲ သားရဲတိရိစ္ဆာန်များ သူတို့၏ကြောက်မက်ဖွယ်လက်သည်းကို ထုတ်ပြသကဲ့သို့ လုဖုန်းရုတ်တရက် ရှန့်မင်အော်ကို ခုန်အုပ်ကာပြေးထိုးလိုက်၏ ။ လက်များမှတစ်ဆင့် ဖြစ်ပေါ်လာသော လက်သီးထိုးချက်သည် ပြင်းထန်လှစွာပင် ။

လုဖုန်း ရှန့်မင်အော်၏ပါးတစ်ဖက်ကို ကွက်တိပင် ထိုးလိုက်မိသည် ။ အကျိုးဆက်အနေဖြင့် ရှန့်မင်အော်၏မျက်နှာက တစ်ဖက်သို့လည်သွားခဲ့လေပြီ ။ လုဖုန်း အသက်ကိုလေးပင်စွာ ရှူရှိုက်နေမိရင်း နောက်ထပ်လက်သီးတစ်ချက်ကို ဝှေ့ယမ်းလိုက်ဖို့ပြင်သည် ။

သည်တစ်ချိန်တွင်ကား လုဖုန်းလက်သီးကို ရှန့်မင်အော်,ကာလိုက်နိုင်၏ ။ ထို့ပြင် ထပ်ဆောင်းအနေဖြင့် လုဖုန်း၏ဝမ်းဗိုက်ဆီသို့ လက်သီးတစ်ချက်ပါ သပ်သပ်ရပ်ရပ်ပစ်သွင်း၏ ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now