6.1

5.6K 1K 18
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH6- BUT I CAN'T JUST GIVE UP LIKE THIS

ဤသို့ ပရမ်းပတာအခြေအနေတွေ ဖြစ်ပွားပြီးနောက်မှာ ထင်ထားသည့်အတိုင်း ဝေ့ရှဲနှင့်ဟူကောမှာ အချင်းချင်းသိနေခဲ့ကြသည် ။

ဟိုးအရင် ဝေ့ရှဲအနှိပ်ခန်းဖွင့်စဥ်က ဟူကောသည် ဝေ့ရှဲလက်အောက်တွင် နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့သူတစ်ယောက်ပင် ။ အချိန်ကြာလာသည်နှင့်အမျှ ရာထူးအဆင့်မြင့်မြင့်ထိပင် တက်လှမ်းလာနိုင်ခဲ့သည် ။

သို့သော် ဝေ့ရှဲထောင်ကျပြီး အနှိပ်ခန်းအားလုံးပိတ်လိုက်ရချိန်တွင်ကား ဟူကောသည် အသက်ရှင်ရေးအတွက် တခြားလမ်းကြောင်းကိုသာ ရွေးချယ်ဆုံးဖြတ်ခဲ့ရတော့သည် ။

သူတို့နှစ်ယောက် နောက်ဆုံးတွေ့ခဲ့သည့်အချိန်မှစ ယခုချိန်ထိ နှစ်အတော်များများကြာမြင့်လာခဲ့လေပြီ ။ ဝမ်ဖက်တီးမှသည် ယနေ့လက်ရှိ "ဟူကော" ဖြစ်လာသည်က သက်သေပင် ။  ဂိုဏ်း၏ဒဏ္ဍာရီတစ်ခုသဖွယ်ဖြစ်ခဲ့သော ဝေ့ရှဲကား ယခုတော့ အားလုံးအတွက် လွင့်ပြယ်သွားသောအမှတ်တရတစ်ခုသာသာ။

အရာရာတိုင်းသည် ဤမျှလောက်ထိ တိုက်တိုက်ဆိုငိဆိုင်ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူမျှ ထင်ထားလိမ့်မည်မဟုတ် ။ အလျဥ်းသင့်သလို ဆက်ကြေးသွားတောင်းမိသောဆိုင်က ယခင်သူ​ေဋ္ဌးဟောင်း၏ဆိုင် ဖြစ်နေခြင်းသည် တော်ရုံတန်ရုံတိုက်ဆိုင်မှုမျိုးမဟုတ် ။

ယခုအချိန်တွင် ကိုးရိုးကားရားဖြစ်နေသူကား ဟူကောအပြင် တခြားသူမရှိပေ ။ ယခင်သူ​ေဋ္ဌးဟောင်း၏ဆိုင်ကိုမသိပါဘဲ ရန်သွားစမိသည်မဟုတ်ပါလား ။

ဟူကောအပါအဝင် သုံးယောက်သားလုံးမှာ သူတို့၏အပြုအမူကို ထိန်းချုပ်လိုက်ကြပြီး ချက်ချင်းပင် အရာအားလုံးသည် အထင်အမြင်လွဲမှားမှုသာ ဖြစ်ကြောင်း တတွတ်တွတ်ပြောဆိုကြတော့သည် ။

ထို့နောက် မဆိုင်းမတွ မတ်တပ်ရပ်လိုက်ကြပြီး လုဖုန်း ၊ ရှန်းရှောင်ရှဲ နှင့် လျိုရွဲ့တို့ရှေ့တွင် တန်းစီလိုက်ကြတော့၏ ။ ပြီးလျှင် ပြန်လည်သင့်မြတ်ရန်အလို့ငှာ အချင်းချင်းလက်ဆွဲနှုတ်ဆက်လိုက်ကြပြီး ကုတ်ကုတ်ကုတ်ကုတ်နှင့်သာ ငြိမ်နေကြတော့သည် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now