9.2

4.7K 891 62
                                    

SCROLL DOWN FOR ZAWGYI

UNICODE

9.1 အရင်ဖတ်ရန် <<<

သည်တစ်ခေါက် လုဖုန်းလုပ်လိုက်သောအရာသည် အတော့်ကိုအတင့်ရဲလွန်းလှသည့်ကိစ္စပင် ။ ထိုခဏချက်ချင်းမှာပင် ရှန့်မင်အော်၏မျက်ဝန်းတို့ တမုဟုတ်ချင်းကျယ်ပြန့်သွား၏ ။ လုဖုန်းရှေ့မှ လက်သည်လည်း ယခင်ထက်ပို၍ တင်းတင်းကျပ်ကျပ်ဆုပ်ထားလျက် ။ အဆစ်တစ်ခုချင်းစီ အရိုးတစ်ခုချင်းစီ၏ တောင့်တင်းခိုင်မာနေမှုကို ထိုလက်အားဆုပ်ကိုင်ထားမိသော လက်ချောင်းများမှတစ်ဆင့် လုဖုန်းခံစားမိ၏ ။

အရှက်မဲ့သောလုပ်ရပ်အား လုဖုန်းအပြီးသတ်ပြီးနောက်မှာပင် အပေါ်ဆုံးလွှာသို့ရောက်ရှိသွားသော ဓာတ်လှေကားမှာ 'ဒင်း'ကနဲ အသံမြည်ကာ ပွင့်လာခဲ့၏ ။

လုဖုန်း သူ့ဆီဦးတည်လာသောလက်သီးချက်အား လျင်မြန်စွာတိမ်းရှောင်ရင်း ဓာတ်လှေကားထဲမှ လျှပ်တပျက်အရှိန်ဖြင့် ခုန်ထွက်လာခဲ့၏ ။

ရှန့်မင်အော်ကား သူ့အားဒေါသဖြစ်ရင်း နောက်မှကျန်နေခဲ့မည်မှာအမှန်ပင် ။ ဓာတ်လှေကားတံခါးမှာပိတ်သွားပြီး နောက်တစ်ကြိမ်ပင်ပြန်ပွင့်လာခဲ့ပြီ ။ သို့သော် ခနအကြာတွင်မှ ရှန့်မင်အော်တစ်ယောက် ဓာတ်လှေကားထဲမှထွက်လာခဲ့တော့၏ ။ မျက်နှာထက်မှအမူအရာကား သိသိသာသာကိုစိတ်ကုန်နေသည့်ဟန် ။

ရှန့်မင်အော်ကား အလစ်တိုက်ခိုက်ခြင်းခံလိုက်ရသောကြောင့် ယခုအချိန်တွင် စိတ်အခြေအနေဆိုးရွားနေမည်မှာမလွဲမသွေပင် ။  ထို့ကြောင့် လုဖုန်းမှာ ထပ်ပြီးစိတ်အနှောင့်အယှက်မပြုရဲတော့ပဲ ရှန့်မင်အော်နှင့်ဝေးဝေးနေဖို့သာ ဆုံးဖြတ်လိုက်သည်။

"ဒီမှာ ခနစောင့်ရအောင် "

ရှန့်မင်အော်မှာ တုံ့ပြန်သည့်အနေနှင့် မျက်လုံးတစ်ချက်ဝံ့ကာကြည့်လာခဲ့၏ ။ တခြားလှုပ်ရှားမှုမရှိပေ ။
လုဖုန်းနားလည်သဘောပေါက်လာရသည်မှာ သူ့အနေဖြင့် ရှန့်မင်အော်၏အထင်အမြင်သေးခြင်းကို ခံနိုင်ရည်ရှိလာပြီဆိုသည်ကိုပင် ။

ဓာတ်လှေကားရှေ့တွင် မိနစ်အနည်းငယ်မျှ ရပ်စောင့်နေပြီးနောက် ရိတကျွမ့်မှာ ရှန်ပိန်ပုလင်းနှင့်အတူရောက်လာတော့သည် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now