25

4.6K 795 57
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH25- NEVER LAND

လုဖုန်း၏တုံ့ပြန်မှုကိုမြင်လိုက်ရသော မန့်ရွမ်ကျွင်းကား အထင်မှားသွားပုံရသည် ။ သူမ၏အမူအရာမှာ အလျှော့မပေးတင်းမာဟန်ပေါ်နေလျက် ။

" ရှင် ကျွန်မကို အမှန်တိုင်းမပြောခဲ့ဘူးလား ? ဒီအဖြစ်အပျက်မှာ ရှန့်မင်အော်က ဘယ်နေရာကနေ တာဝန်ယူထားတာလဲ ? အကုန်လုံးကို သူစီစဥ်ထားတာလား ? "

မန့်ရွှမ်ကျွင်းကား အဖြေကိုပင်မစောင့် ၊ သူမ၏ယူဆချက်ကို သူမကိုယ်တိုင်ပင် အလျင်အမြန် ငြင်းပယ်တော့သည် ။

"မဟုတ်သေးပါဘူး ၊ အဲ့လိုဆိုရင် ရှန့်မင်အော်က ဘာလို့လောကျန်းယွင်ဘက်က ရှေ့နေအဖြစ်တာဝန်ယူမှာလဲ ၊ လုံးဝ ကျိုးကြောင်းဆက်စပ်မှုမရှိဘူး ၊ ရှင်တို့တွေ ဘာတွေများ စီစဥ်ထားကြတာလဲ ? "

ဤကိစ္စရပ်အားလုံးကား လောကျန်းယွင်ကို ထောင်ဖမ်းဖို့ရန် ပြင်ဆင်ထားသောထောင်ချောက်တစ်ခုဟု မန့်ရွမ်ကျွင်းထင်သွားမည်ကို လုဖုန်းစိုးရိမ်မိသည် ၊ ကြောက်လန့်မိသည် ။ တရားလိုရှေ့နေတစ်ယောက်အနေဖြင့် စွဲချက်များ၏နောက်ကွယ်မှ စစ်မှန်မှုအပေါ် သံသယဖြစ်လာခဲ့သည်ရှိသော် ထိုအမှုတစ်ခုလုံးမှ နှုတ်ထွက်ပိုင်ခွင့်ရှိပေသည် ။ အကယ်၍ ထိုကိစ္စမျိုးသာ ဖြစ်လာခဲ့သည်ရှိသော် လောကျန်းယွင်ဆိုသူမှာ တစ်စုံတစ်ရာထိခိုက်ခြင်းမရှိဘဲ လွတ်မြောက်သွားမည်ကို လုဖုန်း အတတ်သိနေ၏ ။

ထိုဗီဒီယိုအား တွေ့လိုက်ရချိန် ပို၍ရှော့ခ်ရမိသူမှာ လုဖုန်းဖြစ်သော်ငြား လက်ရှိတွင်မူ ရှုပ်ထွေးလှသော ခံစားချက်များ ၊ ခေါင်းထဲပြေးလွှားနေသော အတွေးပေါင်းသောင်းခြောက်ထောင်ကို အသာဘေးချကာ အခြေအနေအပေါ် အကောင်းဆုံးရှင်းပြနိုင်ဖို့ရန်သာ လုဖုန်းအာရုံစိုက်ထားရသည် ။

"ကျွန်တော် ဘာတစ်ခုမှ ဖုံးကွယ်မထားခဲ့ဘူး အဲ့နေ့က ကျွန်တော်တို့တွေ့ကြတယ်ဆိုတာလည်း မတော်တဆတစ်ခုပဲ ၊ရှေ့နေမန့် ခင်ဗျားအနေနဲ့ ရှန့်မင်အော်,ကလပ်ထဲဝင်လာတဲ့အချိန်က စီစီတီဗွီမှတ်တမ်းတွေကိုယူကြည့်ပြီး သူ, ကျွန်တော့်ကိုတွေ့ဖို့အတွက် အဲ့မှာရှိနေခဲ့လား ရှိမနေခဲ့ဘူးလားဆိုတာ အတည်ပြုလို့ရတယ် ၊ လွန်ခဲ့တဲ့နှစ်တွေမှာ ကျွန်တော်တို့ကြားက ဆက်ဆံရေးက ခပ်တန်းတန်းပဲ အဲ့ဒါတောင် သူက....ကျွန်တော့်ကိုကယ်ခဲ့တယ် , ဒါပေမဲ့ အဲ့အချိန်တုန်းက ကျွန်တော်အသိစိတ်လွတ်နေပြီ အဲ့လူကဘယ်သူမှန်းလည်း ကျွန်တော်မသိဘူး ရှန့်မင်အော်အနေနဲ့လည်း ကျွန်တော့်ကိုသိစေချင်တဲ့ ရည်ရွယ်ချက်လုံးဝမရှိခဲ့ဘူး "

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now