6.2

5.3K 1K 49
                                    

SCROLL DOWN FOR ZAWGYI

UNICODE

6.1 အရင်ဖတ်ရန် <<

ဖန်းလီအား ကော်ကဲ့သို့ကပ်နေသည့် ထိုအမျိုးသမီးသည် ထိုအချိန်တုန်းက လုဖုန်းတွေ့ခဲ့သော ရှန့်မင်အော်ဘေးမှလှပချမ်းသာသည့် ချစ်သူကောင်မလေးဖြစ်မည်မှာ အသေအချာပင်  ။

"သူ့မှာ စေ့စပ်ထားတဲ့အမျိုးသားရှိတယ်လို့ ငါကြားထားတယ် ?!"

လီလီက စိတ်ကူးထဲမထည့်ဟန် အပြုံးတစ်ချက်ပြုံးပြလာသည် ။

"ဒီလိုနေရာကိုလာတဲ့ ဘယ်လောက်လူများများကရော Singleတွေ လူပျိုလူလွတ်တွေဖြစ်နိုင်မှာတဲ့လဲ ? သူတို့ရဲ့အချိန်ကောင်းလေးတွေအတွက် ပိုက်ဆံလာဖြုန်းကြရုံပဲ ၊ ဘယ်လိုအရာကမှ အစစ်အမှန်ဆိုတာ ထွက်ပေါ်မလာနိုင်ဘူး "

လီလီပြောတာတွေသည် ထပ်တူကျမှန်နေခြင်းတော့မဟုတ် ။ ပထမတစ်ခါ နာရီတွေပေးသည် ၊ ထို့နောက် စိန်တွေပေးပြန်သည် ။
လုဖုန်းအမြင်တွင်ကား ထိုအမျိုးသမီးသည် ဖန်းလီအပေါ် ခံစားချက်များတဖြည်းဖြည်းတိုးပွားလာသည်လို့ဆိုခြင်းထက် ရူးရူးမူးမူးကို အချစ်ထဲပျော်ဝင်နေဟန်ရသည် ။

ရှန့်မင်အော်လိုလူမျိုးမှာလည်း  သည်လိုအဆုံးသတ်မျိုးရှိသည်တဲ့လား ။

လုဖုန်း စတင်ရယ်မောမိတော့သည် ။ လီလီကတော့ သူ့ကို စိတ်ရှုပ်ဟန်ဖြင့် စိုက်ကြည့်နေတော့သည် ။

လုဖုန်း ရေပုလင်းကို မ, လိုက်ကာ  ဆန္ဒပြုလိုက်သည် ။

" ငါ ပီဇာအတွက် တကယ်​ပျော်တယ် သူတို့နှစ်ယောက်လုံး နောက်ဆုံးချိန်ထိ အတူနေထိုင်သွားရပါစေလို့ ဆုတောင်းတယ်"

လီလီ့မျက်နှာပေါ်မှ စိတ်ရှုပ်ထွေးမှုတို့သည် တဖြည်းဖြည်းနက်ရှိုင်းလာတော့သည် ။ လုဖုန်းလျစ်လျူရှုလိုက်ကာ ထိုင်နေရာမှထရပ်လိုက်သည် ။

ထို့နောက် ဝေ့ရှဲထံမှမိုက်ကို လက်လွှဲယူကာ ကောင်းရှန့်မေ၏ " 千年等一回 (I wait a thousand years for this moment)" ဆိုသည့် သီချင်းကိုဟစ်ကြွေးလိုက်သည် ။ လုဖုန်း၏သီချင်းအပေါ် အခန်းထဲမှတခြားသူများမှာ  တစ်ခဲနက်ကို အားပေးကြတော့သည် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now