3.2

6.1K 1.2K 39
                                    

SCROLL DOWN FOR ZAWGYI

UNICODE

"ယွမ်တစ်သိန်းခွဲတန်နာရီယူမယ် အခုလာပို့ပေး "

တစ်စုံတစ်ယောက်မှ ထိုနာရီကိုလာမဝယ်ယူခင်နာရီဝက်မတိုင်ခင်အထိ နာရီလာရောင်းသွားသူ ဖန်းလီမှာ   သူတို့အပေါင်ဆိုင်၏ Wechat Accountထဲတွင် ရှိနေခဲ့သည် ။

တန်ဖိုးကြီးသောနာရီတစ်ခုဖြစ်သည့်အတွက် ပစ္စည်းပို့ဆောင်သည့်ဖြစ်စဥ်အတွင်း တစ်ခုခုထိခိုက်မိ၍တောင်မဖြစ် ။    မေးမြန်းပြီးသည်နောက် ဝယ်သူကားတိုက်ဆိုင်စွာပင် ချင်းဝမ်မြို့သို့အလုပ်ကိစ္စနှင့်ရောက်ရှိနေပြီး ကြယ်ငါးပွင့်ဟိုတယ်တစ်ခုတည်း လက်ရှိတည်းခိုနေသည်ကိုလုဖုန်းသိလိုက်ရသည် ။

ထိုဟိုတယ်မှာ လုဖုန်းအိမ်အပြန်လမ်းပေါ်တွင်ရှိသည်ဖြစ်ရာ လုဖုန်းကိုယ်တိုင်ပင် ပစ္စည်းကိုပို့ဆောင်မည်ဟု ဆုံးဖြတ်လိုက်တော့သည် ။

ယွမ်သိန်းကျော်တန်နာရီထံတွင်  မတော်တဆတစ်ခုခု​ဖြစ်ခဲ့လျှင်ဆိုသောအတွေးနှင့် မြေအောက်ရထားကိုပင် လုဖုန်းမစီးရဲတော့ ။
ထို့ကြောင့် လုဖုန်းဟိုတယ်အထိ တက္ကစီးသွားဖို့ရန်သာ ဆုံးဖြတ်လိုက်တော့သည် ။ ကုန်ကျစရိတ်များကိုတော့ နောက်မှဝေ့ရှဲထံမှပြန်တောင်းရမည် ။

ဟိုတယ်သည်ကား အတော်ပင်မြင့်မားလှသော မိုးမျှော်အဆောက်အအုံဖြစ်ကာ မှန်သားတို့ဖြင့် အဆောက်အအုံတစ်ခုလုံးကို တန်ဆာဆင်ထား၏ ။ ညမီးရောင်အောက်ဝယ် ပြိုးပြိုးပျက်ပျက်တောက်ပလျက် ။

ဟိုတယ်၏ ခန်းမကျယ်ကြီးကား ပြစ်မျိုးမှည့်မထင်လောက်အောင် သန့်ရှင်းတောက်ပြောင်လျက် သေသပ်ကြော့ရှင်းသောဒီဇိုင်းနှင့်အတူ ပြန်လည်လန်းဆန်းခြင်း အငွေ့အသက်တို့ကိုပါ တစ်ပါတည်းဆောင်ယူလျက် ။

ဒီည ဒီဟိုတယ်၏ခန်းမတစ်ခုခုတွင် စားသောက်ဧည့်ခံပွဲရှိပုံရသည် ။ ကားများဆီမှဆင်းကာ ဝင်ပေါက်ဆီသို့ လှမ်းလာကြသောလူအများအပြားကို လုဖုန်းတွေ့နေရသည် ။

ပြစ်ချက်တစိမရှိသော ဝတ်စုံအမျိုးမျိုး သေသပ်တောက်ပနေသော ပွဲတက်ဂါဝန်အမျိုးမျိုးကို ဝတ်ဆင်လျက် ။
လူအဖွဲ့အစည်း အသိုင်းအဝိုင်းထဲမှ အထက်တန်းလွှာဟူသော ဂုဏ်ပုဒ်ကို ပုံဖော်နေကြဟန်တူသည် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now