56 - WAS THAT SINCERE ENOUGH?

5.6K 889 183
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH56 - WAS THAT SINCERE ENOUGH?

"အားလုံးလည်း ရောက်နေပြီဆိုတော့ စလိုက်ရအောင် "

ရှောင်းဆွေကွမ်းက ဝိုင်ခွက်ကိုမြှောက်ကာ စားပွဲတွင် ဝိုင်း၍ထိုင်နေသောသူများနှင့်အတူ ဝိုင်သောက်ရန်ပြင်သည် ။

ရှောင်းတွေကွမ်းက လေးထောင့်ပုံစံ စားပွဲ၏ထိပ်ဆုံး၌ထိုင်နေခဲ့ပြီး ၊ ကျန်းမီမီနှင့် လုဖုန်းက မြောက်အရပ်ကိုမျက်နှာမူထားလျက် စားပွဲ၏တစ်ဖက်ခြမ်းတွင် ထိုင်နေကာ ရှန့်မင်အော်နှင့် ရှောင်းမုန်ကမူ အခြားတစ်ဖက်တွင် ထိုင်နေခဲ့ကြ၏ ။

ဟင်းပွဲများ အဆက်မပြတ် ရောက်ရှိလာခြင်းနှင့်အတူ သူတို့ပြောဆိုနေကြသည့်အကြောင်းအရာကလည်း တစ်ခုပြီးတစ်ခုပြောင်းလဲလျက် ။ မိသားစုပုံစံ ထမင်းစားခြင်းမျိုးပင်ဖြစ်ရာ ပြောဖြစ်ကြသောအကြောင်းအရာများသည် ပုံမှန်ကဲ့သို့တော့ တင်းကျပ်နေခြင်းမရှိ ။ အကြောင်းအရာမျိုးစုံ ၊ လက်ရှိဖြစ်ပျက်နေသော အကြောင်းကိစ္စများအပြင် စိတ်ဝင်စားစရာကောင်းမည့်အရာမှန်သမျှ ပြောဖြစ်ကြ၏ ။ ကျန်းမီမီက နာမည်ကြီးအနုပညာရှင်များ၏အတင်းအဖျင်းနှစ်ခုကိုပင် ပြောပြလာကာ ရှောင်းဆွေကွမ်းကလည်း ထိုအရာကိုနားထောင်ရင်း ရယ်မောနေတော့သည် ။

"စကားမစပ် ၊ ရှောင်ရှန့် ၊ မင်းရဲ့အမှုသစ်ကရော ဘယ်လိုလဲ ? ငါကြားရသလောက်တော့ သေသွားတဲ့သူက ဟိုးအရင်ကတည်းက မိန်းမကို ရိုက်တတ်တဲ့ နှိပ်စက်တတ်တဲ့အကျင့်ရှိတယ်ဆို "

လုဖုန်းတို့စကားပြောနေရင်းပင် ရှောင်းဆွေကွမ်းက ရှန်းရှောင်ရှဲအမေ၏ အမှုကိစ္စကို စပြောလာတော့သည် ။

"ဘယ်လိုလုပ် ယောက်ျားတစ်ယောက်က သူ့မိန်းမကို ရိုက်ရက်တာလဲ ? နောက်ဆုံးတော့ သူ့မိန်းမဆီက အသတ်ခံလိုက်ရတာပဲ ၊ ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့လူနဲ့ထိုက်တန်တယ် "

ရှန့်မင်အော်ကား ဓားနှင့်ခက်ရင်းကိုကိုင်လျက် ငြိမ်နေပြီးလျှင် သူ၏အဖြေနှင့်ပတ်သက်၍ ထဲထဲဝင်ဝင်မဖြေမိရန် ထိန်းချုပ်နေလျက်။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now