22

5.4K 928 71
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH22 - WHAT WAS HE IN IT FOR ?

ဤကိစ္စတွင် ရဲများအားပါဝင်စေဖို့ရန် အဘယ်ကြောင့် ရုတ်တရက်တွေးမိသနည်းဟု  မော့ချိုးအိမ်သို့ ကိုယ်တိုင်သွားကာ လုဖုန်း မေးမိသည် ။

မော့ချိုးမှာ ခေတ္တမျှ တိတ်ဆိတ်နေခဲ့ပြီးနောက် လုဖုန်းအား ပြန်ပြောလာခဲ့၏ ။

" အမြဲတမ်းသူများရဲ့အနှိပ်စက်ခံရပြီး ပြန်မတိုက်ခိုက်နိုင်တဲ့လူမျိုး ငါမဖြစ်ချင်ဘူး ။ အဲ့အကြောင်းထက်ပိုအရေးကြီးတာက ငါ့ရဲ့သတ္တိကြောင်မှုကြောင့် တစ်စုံတစ်ယောက်နာကျင်ခံစားရတာမျိုး ငါမလိုလားဘူး "

ထိုစကားများကို ပြောနေစဥ်အတွင်း မော့ချိုးအသံမှာ တုန်ယင်နေခဲ့ပါ၏ ။

"အခု ငါ သူ့ကိုလွှတ်ပေးလိုက်ရင် နောက်တစ်ခါထိခိုက်နာကျင်ရမယ့်လူက ငါသိတဲ့သူလည်းဖြစ်နိုင်တယ် ၊ ငါမသိတဲ့သူလည်းဖြစ်နိုင်တယ် ၊ လမ်းပေါ်မှာ ငါ့ဘေးနားကဖြတ်လျှောက်သွားတဲ့သူ ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ သားသမီးလည်း ဖြစ်နေနိုင်တယ် ၊ ငါအဲ့လိုမျိုး မဖြစ်စေချင်ဘူး "

အတိတ်ကာလများတွင် သူနှင့်မော့ချိုးမှာ တစ်ယောက်နှင့်တစ်ယောက် နားလည်နိုင်မည်မဟုတ် အဆင်ပြေနိုင်မည်မဟုတ်ဟု လုဖုန်းထင်ခဲ့ဖူးသည် ။ အကျင့်စရိုက်များက ကွဲပြားနေသကဲ့သို့ တူညီသည့်ဝါသနာ မရှိခဲ့သောကြောင့်ပင် ။

မော့ချိုးအနေနှင့် တစ်စုံတစ်ခုအပေါ် တုံ့ပြန်မှုနှေးရုံသာမက စကားကိုတောင် သဲသဲကွဲကွဲမပြောသည့် အခြေအနေတွင် လုဖုန်းကအမြဲသွက်လက်ချက်ချာပြီး အရာဝတ္ထုအသစ်များ အမြင်သစ်များအား ရှာဖွေရခြင်းကို နှစ်ခြိုက်ခဲ့၏ ။ မော့ချိုးက ခေါင်းငိုက်စိုက်ချ၍ လမ်းလျှောက်ချိန်တွင် လုဖုန်းက ရင်ကိုကော့ခေါင်းကိုမော့လျက် ခြေလှမ်းကျယ်ကြီးများဖြင့် လမ်းလျှောက်ခဲ့ဖူးသည် ။

ကျောင်းအာဏာပိုင်များ၏ တောင်းဆိုမှုကြောင့်သာ လုဖုန်းမှာရွေးချယ်စရာမရှိဘဲ ဘယ်နေရာသွားသွား ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို အမြဲသယ်ဆောင်ထားခဲ့ရ၏ ။ သို့သော် လုဖုန်း၏စိတ်ထဲတွင်မူ မော့ချိုးနှင့် အချိန်ဖြုန်းချင်လိုစိတ် တစ်စက်မရှိခဲ့ ။ ထို့ကြောင့်လည်း အထက်တန်းကျောင်းပြီးပြီးချင်း လုဖုန်း အဆက်အသွယ်ဖြတ်ခဲ့ခြင်းပင် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now